[{"data":1,"prerenderedAt":47},["ShallowReactive",2],{"post-work-permit-in-thailand":3,"tiktoks":17},{"id":4,"title":5,"slug":6,"status":7,"tags":8,"featuredImageUrl":12,"galleryImageUrls":13,"publishedAt":14,"content":16},"8T6hCJ9ctf2161Po1a14","Work Permit in Thailand","work-permit-in-thailand","published",[9,10,11],"jobinbangkok","ivy_iris","sharingiscaring","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fwork-permit-in-thailand\u002F1756910464453_image.png",[12],{"_seconds":15},1756910473,"ဘတ် ဖွင့် တော့မယ် အချိန်နီးလာတာနဲ့ လာမေးကြတဲ့ \nဘတ် ရိုက်တာ \u002F ပန်းရောင်ကတ် ဆိုတာ ဘာလဲ ? \nဘာတွေလိုအပ်လဲ? ဘတ်ရိုက်ပြီးရင် မြန်မာပြည်ပြန်လို့ရလား ?စတာတွေနဲ့\nWork permit ကဘယ်လိုမျိုးတွေရှိတာလဲ ဆိုတာကို  ဒီ Postမှာ အပြည့်စုံ ရှင်းပြပေးပါမယ်။\nထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် Visa Type (2)မျိုးရှိပါတယ်။\n1.Non B Visa (White Collar Job)\n2.Non - LA Visa (Blue Collar Job)(ဘတ်ရိုက်တာ)\nဆိုပြီး ရှိပါတယ် ။ \nNo.1 Non B Visa အကြောင်းကိုတော့ ဒီ Post မှာ ဖတ်ပါ။\nhttps:\u002F\u002Fm.facebook.com\u002Fstory.php?story_fbid=122253553136059299&id=61551778976102\nဒီနေ့မှာတော့ Non-LA Visa အကြောင်းကို ပြောပြပေးပါမယ် 📍\nNon LA Visa ကို ဒီမှာတော့ ဘတ်ရိုက်\u002Fပန်းရောင်ကတ် ဆိုပြီး အလွယ်ပြောပါတယ် \nအရင်ကတော့ ဒီvisaကို အခြေခံအလုပ်(Blue Collar Job) တွေ ဖြစ်တဲ့ စက်ရုံအလုပ်၊ ကော်ဆန်း ၊ အိမ်အကူ ၊ စားသောက်ဆိုင် စတဲ့ အလုပ်လုပ်တဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။\nအခု အချိန်မှာတော့ နိုင်ငံအခြေအနေအရ နေရာပေါင်းစုံမှာ ဝင်ရောက်လာတဲ့ သူများတာကြောင့် အလုပ်အခြေအနေတွေ အရ နယ်ပယ် အကုန်လုံးမှာ ဘတ်ရိုက်ပြီးပဲ အလုပ်လုပ် ကြရပါတယ် ။\nဒီနေရာမှာ ကြားဖြတ် ပြောပြချင်တာက ဘတ်ရိုက်ပြီးရင် တခြားနိုင်ငံ ထွက်လို့မရတော့ဘူးလား ၊ ဘယ်လိုလုပ်ရမှာလဲ ဆိုတာပါပဲ…\nဘတ်ရိုက်တယ်ဆိုတာက အခြေခံအလုပ်သမား visaဖြစ်တာကြောင့် တချို့သောနိုင်ငံတွေကတော့ visa မ chgပဲ အဝင်လက်မခံတာမျိုးရှိတတ်ပါတယ် ။အဲ့ဒါကြောင့် ကိုယ်သွားမဲ့နိုင်ငံရဲ့Lawကိုအရင်ကြည့်ပါ။  NanLA visa ယူထားပြီး ကိုယ်သွားမဲ့နိုင်ငံက လက်မခံရင်တော့visa cancel ပြီး  တခြားနိုင်ငံတခု ကို အလည်အပတ် အထွက်ပြပြီးမှ Third country ကူးပါ။ ပုံမှန်အားဖြင့်နိုင်ငံအများစုကတော့ လက်ခံပါတယ် အခုအခြေအနေအရ မြန်မာpassport ဆိုရင် သံရုံးတွေကရစ်တတ်ပါတယ်။ ဘတ်ရိုက်ထားပြီးရင် ထွက်မရတာတော့ဘူး ဆိုတာကတော့ မဟုတ်ပါဘူးရှင်။\nကဲဒါဆိုရင် ဘတ်ရိုက်တာကိုလုပ်ငန်းစဉ်အကျဉ်းချုပ် ဆက်ပြောပြပါမယ် \n✅ ဘတ်ရိုက်ဖို့ အတွက် Passport ရှိပြီးသားဆိုရင် PV (or ) PJ ဘယ်ဟာဖြစ်ဖြစ်ရပါတယ်။\n✅ ဘတ်ဖွင့်ချိန်တွင် နာမည်စာရင်း(Name List) တင်ထားရပါမယ်\nName List တင်ရန် လိုအပ်သည်များ\nPassport Page\nGmail\nPh no\nNRC ရှေ့\u002F နောက်လိုပါတယ်။\n✅ဆေးစစ်ဖို့ ရက် မှာ ဆေးစစ်\u002F တာနဲ့ လိုအပ်တာတွေလုပ်ရပါမယ်\n✅အဆင့်ဆင့်လုပ်ပြီးရင် Work Permit ကို passport စာအုပ်မှာ တုံးထုရပါမယ်\n✅ပြီးရင် ပန်းရောင်ကတ် ရပါပြီ\nWork permit နဲ့ ပန်းရောင်ကတ်က ရှိထားရပါမယ် \nWork Permit သည်  ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ခွင့် ( ၂) နှစ် သက်တမ်းရပါတယ်။ \nပန်းရောင်ကတ်သည် ထိုင်းနိုင်ငံမှာ အလုပ်သမားအနေနဲ့ နေထိုင်ခွင့်ကတ်ပြားဖြစ်ပြီး သက်တမ်း ၁၀နှစ်ရပါတယ်။\n Passport PV  နဲ့ ဘတ်ရိုက်ထားပါက passport သက်တမ်းတိုးသည့်အခါ PJ စာအုပ် ပြန်ထွက်ပါမယ်။\nName List ထွက်ပြီး work permit နဲ့ pink card ရဖို့ ၁လ ကနေ ၂လ ကြား\u002F ၃လမှ ၄လကြား စောင့်ရပါတယ်။ \nသတိထားရန်မှာ _ Work Permit သည် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ခွင့်ရတဲ့ ဗီဇာ ဖြစ်တာကြောင့်\n၁။အလုပ်ရှင် (သူဌေး) ရှိရပါမယ်။\nအလုပ်ရှင် ဆိုတဲ့နေရာမှာ မိမိသည် လုပ်နေသော အလုပ်မှ သူဌေးနာမည်နှင့် မိမိ WP တာဝန်ယူပေးထားသော သူဌေးနာမည် တူရပါမယ်။ စာရင်းတင်ချိန်မှာ မိမိသည် တခြားသူဌေးနဲ့စာရင်းတင်ထားပါက မိမိ လုပ်ငန်းခွင်\nဝင်သည့်အခါ သူဌေးနာမည် ပြန်ပြောင်းရပါမည်။ ( ဒါကို ကျန့်အော်\u002F ကျန့်ခေါက် ပြောင်းတယ်လို့ ခေါ်ပါတယ်)\nဘတ်စာရင်းတင်ချိန်မှာ မြို့နယ်အလိုက် စျေးကွာခြားမှု ရှိပါတယ်။ ဥပမာ ဘန်ကောက် NameListသည် မဟာချိုင် အပါဝင် တခြားမြို့များထက် ပိုမြင့်တာကြောင့် ဘတ်ရိုက်ချိန်တွင်လဲ စျေးနှုန်းကွာပါသည်။\n📌စာရင်းမတင်ခင်အေးဂျင့်အား သေချာမေးရန်မှာ _ ကျန့်အော် \u002Fခေါက် ပြောင်းတာ တာဝန်ယူလား?\nWork Permit\u002F ပန်းရောင်ကတ်ထွက်သည်အထိ အပြီးစီး စျေးလားဆိုတာ သေချာမေးပါ။ တချို့တွေက စစချင်းစျေးသက်သာပြီး နောက်လုပ်ရမည့်လုပ်ငန်းစဉ်တွေမှာ တစ်ဆင့်စီ ထပ်တောင်းတာမျိုးရှိနိုင်ပါတယ်။\n၂။ ကိုယ်တိုင်က အလုပ်လုပ်မည့်သူဖြစ်ရပါမယ်။\nကိုယ်တိုင်က အလုပ်မလုပ်ပဲ နေမှာဆိုရင် ဘတ်မရိုက်သင့်ပါ။ စစ်ဆေးတွေ့ရှိခဲ့ရင် ဒဏ်ငွေဆောင်ရတာအပြင် ဖြေရှင်းရတာတွေ များလို့ပါ။ အဲ့ဒါကြောင့်အလုပ်လုပ်ဖို့မဟုတ်ရင် တခြား ဗီဇာကိုပဲ ရွေးချယ်ပါ။ \nလုပ်ငန်းစဉ် အဆင့်ဆင့်ပြီးလို့ work permit ရပြီးရင် ထိုင်း နဲ့ မြန်မာ နှစ်ဖက်လုံးမှာ အသိအမှတ်ပြု တရားဝင်အလုပ်လုပ်ခွင့်ရပါပြီ။\nWork Permit ရပြီးနောက် အလုပ်လုပ်နေရင်း ရက် ၉၀ တစ်ကြိမ် သက်ဆိုင်ရာမြို့နယ် Immigration ကို 90 Days Report ဆိုတာ တင်ရပါတယ်။ မတင်မိရင် ဘတ် သက်တမ်း ၂နှစ်ပြည့်လို့ ထပ်တိုးတဲ့အခါ ဒဏ်ငွေဆောင်ရပါတယ်။ ဘတ်ရိုက်စဉ် မိမိ စာအုပ်မှာ ပေးလိုက်တဲ့ စာရွက်ကို သေချာကြည့်ပါ။ရက် \n၉၀ မကျော်ခင် Reportတင်ပါ။ Agent တွေကတစ်ဆင့် တင်လို့ရပါတယ်၊ Online ကနေလဲ ရပါတယ် ။ လူကိုယ်တိုင် သွားစရာ မလိုပါဘူးရှင့်။\nဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်ကတော့ ဒါပါပဲရှင့်။\nနောက်ဆုံး အနေနဲ့ ဘတ်ရိုက်ပြီးရင် မြန်မာပြည်ပြန်လို့ရလား ? ဆိုတာ ပြောပြပါမယ်\nမြန်မာပြည် Passport type မှာ PV and PJ ဆိုပြီး အသုံးများပါတယ်။\nPJ passport ဆိုတာက မိမိနိုင်ငံကနေ တခြားနိုင်ငံတစ်ခုကိုအလုပ်နဲ့ တိုက်ရိုက်လာချင်တဲ့သူတွေကိုင်ဆောင်ရမှာဖြစ်ပြီး\nPV  passport ကတော့ အလည်အပတ်သွားချင်တဲ့ သူတွေပဲ ကိုင်ဆောင်ရတာဖြစ်ပါတယ်။\nမိမိနိုင်ငံကနေ Passport PV \u002F PJ ဘာနဲ့ပဲ လာလာ ဒီဖက်မှာ ဘတ်ရိုက်နိုင်ပါတယ်။ \nPassport PJ သမားတွေကတော့ ဘတ်ရိုက်ပြီးရင် နိုင်ငံ အဝင်အထွက်လုပ်တဲ့အခါ \nပြသနာမရှိပါဘူး။\nသို့သော် PV စာအုပ်မှာ  အလုပ်ဗီဇာ ဘတ်ထည့်သွင်းထားတဲ့ Passport တွေ ကတော့ နိုင်ငံပြန်အဝင်\u002Fအထွက်မှာ Re entry ထုပြီး ပြန်လို့ရပင်မဲ့ အခုနောက်ပိုင်း ဘတ်ရိုက်ထားတဲ့ \nPV Passport ဆို ပြန်ထွက်ချင်ရင် မလွယ်ပါ။ စျေးအဆ မတန်တောင်းတာမျိုး ရှိပါတယ်😢\nအဲ့ဒါကြောင့် စဉ်းစားနိုင်ဖို့ အတွက်ကြိုပြောပြပေးတာပါ။\nကဲဒါဆိုရင် မေးခွန်းအားလုံး စုံပြီမို့ စာလေးတွေ သေချာဖတ်ပြီး နားမလည်တာလောက်ပဲ လာမေးပေးပါနော် 🙏🏻\nအလုပ်သမားလိုအပ်ချက်ကြောင့် ဘတ်အသစ်များ မကြာခင် ဖွင့်တော့မယ်လို့ သိရပါတယ်။\nစောင့်နေတဲ့ သူတွေ အားလုံးလဲ အဆင်ပြေကြပါစေ။ အလုပ်အကိုင်တွေလဲ ပိုပေါလာကြပါစေရှင့်✅\nဘတ်စာရင်းတင်လို့ရပြီဆိုတာနဲ့ Adminတို့ update အခြေအနေတွေတင်ပေးပါမယ်ရှင်🇹🇭",[18,19,20,21,22,23,24,25,26,27,28,29,30,31,32,33,34,35,36,37,38,39,40,41,42,43,44,45,46],"7545712923939736840","7543953629934259463","7539140809392737543","7544008817315466514","7540663337235893522","7533906461219458312","7534732860092189959","7538025967650983175","7511945188319710472","7540578150997036306","7545734099219074311","7492322717039922440","7536082580693716232","7549150917011066130","7547253573789289735","7546255533553028370","7531660773907516690","7536238129158589703","7533222229023165704","7538813562878201106","7541070541466127623","7549408461390499079","7537324408248028423","7547008803405876487","7548397703101811975","7534277053697363218","7546512724759498002","7542879626624781576","7545891341897567496",1779052003167]