White Collar Jobs in Thailand
ထိုင်းနိုင်ငံမှာ White Collar Job (ရုံးအလုပ်/ပညာတတ်အလုပ် - IT, Marketing, Finance, HR, Management, Engineering ) Positions တွေရဖို့ လျှောက်ထားနည်းနဲ့ ပြင်ဆင်ရမယ့်အချက်တွေကို ဒီနေ့မှာပြောပြပေးပါမယ် 🎀🇹🇭
အဆင့် (၄) ဆင့်
1. **အလုပ်ရှာခြင်း (Job Search)**
2. **လျှောက်လွှာတင်ခြင်း (Application)**
3. **အင်တာဗျူး (Interview)**
4. **ဗီဇာနှင့် နေထိုင်ခွင့် (Visa & Work Permit)**
---
၁။ အလုပ်ရှာခြင်း (Job Search)
အွန်လိုင်း Job Portals:
JobsDB Thailand, JobThai, JobsKK, LinkedIn (Location: Thailand လို့ထည့်ရှာပါ)
**နိုင်ငံတကာ:** LinkedIn (အရေးကြီးဆုံး), Glassdoor, Indeed Thailand.
**ကုမ္ပဏီဝက်ဘ်ဆိုဒ်များ:** စိတ်ဝင်စားတဲ့ နိုင်ငံတကာကုမ္ပဏီတွေ (သို့) ထိုင်းကုမ္ပဏီကြီးတွေရဲ့ Career/Job Page တွေကို ပုံမှန်ကြည့်ပါ။
**Recruitment Agencies (ခေါ်ယူသင်တန်း/အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများ):** Michael Page, Robert Walters, Adecco, Manpower စတဲ့ နိုင်ငံတကာအသိအမှတ်ပြု Agency တွေကို ဆက်သွယ်ပါ။
သူတို့က CV ကို Database မှာထားပြီး ကိုက်ညီတဲ့အလုပ်ရှိရင် ဆက်သွယ်လာမှာဖြစ်ပါတယ်။
* **Network ကောင်းအောင်လုပ်ပါ:**
* **LinkedIn** မှာ Professional Profile ကို အပြည့်အစုံဖြည့်ပါ။ ထိုင်းနိုင်ငံက Recruiter တွေ၊ကိုယ့်ရဲ့ carrie က senior တွေနဲ့ ချိတ်ဆက်ပါ။
* ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာပညာတတ်အသိုင်းအဝိုင်းတွေနဲ့ ဆက်သွယ်ပါ (Facebook Groups များ)။
* သင့်နယ်ပယ်နဲ့ ဆိုင်တဲ့ ထိုင်းနိုင်ငံက Professional Events/Conferences တွေကို တက်ပါ။
၂။ လျှောက်လွှာတင်ခြင်း (Application - CV & Cover Letter)
**CV (Curriculum Vitae) / Resume:**
* ကိုယ့်အရည်အချင်းကို ပေါ်လွင်စေမဲ့ အလုပ်အတွေ့အကြုံ၊ Skills (Technical & Soft Skills)၊ ဘာသာစကား၊ အောင်မြင်မှုတွေကို သေချာဖော်ပြပါ
* အလုပ် မလျှောက်ခင် အလုပ်ခေါ်စာမှာ လိုအပ်တဲ့ Skills/Experience တွေကို CV မှာ ထည့်ပြီးမှ
လျှောက်ပါ။
* CV form ဟာ professional ကျပါစေ (ဓာတ်ပုံတပ်ရန် မလိုပါ)
* အင်္ဂလိပ်လို ရေးပါ:ထိုင်းလိုလိုအပ်တဲ့အလုပ်မှလွဲ၍ အားလုံးနီးပါး အင်္ဂလိပ်လိုသာ လိုအပ်ပါတယ်။
* **Cover Letter (သို့) Email:**
* ဘာကြောင့် ဒီကုမ္ပဏီကို စိတ်ဝင်စားရတာလဲ၊ ဘာကြောင့် ဒီအလုပ်နဲ့ ကိုယ်နဲ့ ကိုက်ညီတာလဲ ဆိုတာ သေချာ ပြောရပါမယ်။
* ကိုယ့် ရဲ့ အဓိကအားသာချက်တွေကို အကုန်ပါအောင် ချုံ့ပြီး ရေးပေးပါ။
* လျှောက်မည့် ကုမ္ပဏီနာမည်၊ အလုပ်နာမည် မှန်ကန်အောင် ဂရုစိုက်ပါ။
၃။ In person (Interview)
* ပထမအဆင့်: Phone/Video Interview (Recruiter သို့မဟုတ် HR နဲ့)
* Next Steps >> Video Interview (Hiring Manager, Team Members)၊ လိုအပ်ရင် Face-to-Face Interview ရှိပါမယ်
* ကုမ္ပဏီအကြောင်း သေချာလေ့လာပါ:သူတို့ရဲ့ လုပ်ငန်း၊ ယဉ်ကျေးမှု၊ လတ်တလောသတင်းများ။
* အလုပ်ခေါ်စာကို ပြန်ဖတ်ပါ လိုအပ်ချက်တွေနဲ့ ကိုယ့်အရည်အချင်းကို ချိတ်ဆက်ပြောနိုင်အောင်ဖြစ်ပါတယ်။
* မေးခွန်းများ ကြိုတင်စဉ်းစားပါ: သာမန်မေးခွန်းတွေ (ကိုယ့်အကြောင်း၊ အားသာချက်/အားနည်းချက်)၊ Technical မေးခွန်းတွေ၊ ကုမ္ပဏီနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပြင်ဆင်ထားပါ။
* အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်အောင် ရှင်းရှင်းလင်းလင်းနဲ့ ယုံကြည်မှုရှိရှိ ဖြေဆိုပါ။
* ပရော်ဖက်ရှင်နယ်အသွင်အပြင် Video Interview ဆိုလည်း ကောင်းမွန်တဲ့နောက်ခံ၊ သင့်တော်တဲ့အဝတ်အစား စတာတွေက အစ အသေးစိတ် ပြင်ဆင်ပါ။
၄။ ဗီဇာနှင့် နေထိုင်ခွင့် (Visa & Work Permit - အရေးကြီးဆုံး)
White collar Job လို့ပြောတာနဲ့ အလုပ်ခန့်မည့် သူကို company ဘက်က Non B visa ကို မဖြစ်မနေ Provided ပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Non B ပေးပြီး ခန့်ဖို့ အတွက် ကိုယ့်ဘက်က အရည်အချင်းတွေ ပြည့်မှီနေရပါမယ်
* Non-Immigrant Visa "B"
ကုမ္ပဏီက Documents တွေနဲ့အတူ ထိုင်းအလုပ်သမားဦးစီးဌာန (Department of Employment) မှာ လျှောက်ထားပေးပါလိမ့်မယ်။
* ကိုယ့်ဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထပ်ဖြည့်ရနိုင်ပါတယ် (ဥပမာ - ဆေးစစ်ချက်လက်မှတ်၊ မှတ်ပုံတင်နေရာထောက်ခံစာ)။
* Work Permit ရမှသာ တရားဝင် အလုပ်လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။
Non B နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်ရင် Ivy ရေးပေးထားတဲ့ Post ရှိပါတယ်နော် ။
---
✅မဖြစ်မနေ ပြင်ဆင်ရမယ့် အရာများ
1. ဘာသာစကား (Language Skills):
English လိုကို communication ကောင်းကောင်းလုပ်နိုင်အောင် ပြင်ဆင်ပါ။
ထိုင်းစာကို နေ့စဉ်သုံး၊ ရုံးသုံးစကားတွေ အနည်းဆုံး သင်ထားပါ။
2. ပညာရေးနှင့် အရည်အချင်း (Education & Qualifications)
* သက်ဆိုင်ရာနယ်ပယ်အတွက် လိုအပ်တဲ့ ဘွဲ့လက်မှတ်၊ Professional Certificates (ဥပမာ - ACCA, PMP, IT Certificates) တွေကို PDF File ထုတ်ထားပါ။
3. ငွေကြေးပြင်ဆင်မှု (Financial Preparation)
* အလုပ်လျှောက်ချိန်၊ အင်တာဗျူးချိန်တွေမှာ လိုအပ်မယ့် ကုန်ကျစရိတ် (ဗီဇာလျှောက်ခ၊ ခရီးစရိတ်၊ ယာယီနေထိုင်စရိတ်) ကို ကြိုတင်စီမံထားပါ။
5. ယဉ်ကျေးမှုနားလည်မှု (Cultural Awareness)
* ထိုင်းအလုပ်ခွင်ယဉ်ကျေးမှု၊ လူမှုရေးဓလေ့တွေကို လေ့လာထားပါ (ဥပမာ - ရိုသေလေးစားမှု၊ မျက်နှာအမူအရာ အရမ်းအရေးကြီးပါတယ်)။
---
# သတိထားရမည့်အချက်များ
* တရားဝင်လမ်းကြောင်းကိုသာ သုံးပါ:** မသိသောကုမ္ပဏီတွေ၊ ဗီဇာနဲ့ပတ်သက်ပြီး အာမခံချက်ပေးတာတွေကို သတိထားပါ။
* contract စာချုပ်ကို သေချာဖတ်ပါ
လစာ၊ အလုပ်သက်တမ်း၊ JD ၊other allowances /ခံစားခွင့်တွေကို သေချာဆွေးနွေးပါ
* ထိုင်းနိုင်ငံရဲ့ နေထိုင်စရိတ်ဟာ :ဘန်ကောက်လို မြို့ကြီးတွေက စရိတ်စကများပါတယ်။
လစာနဲ့ ညီမျှမှုရှိအောင် ညှိနှိုင်းပါ။
လျှောက်တဲ့ အခါ အောင်မြင်ဖို့အတွက် စိတ်ရှည်ဖို့နဲ့ ဇွဲလုံ့လရှိဖို့ အရေးကြီးပါတယ်။
ကိုယ့်ရဲ့ Skills တွေကို Update လုပ်နေပါ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ထိုက်တန်တဲ့နေရာဆိုတာ အမြဲ ရှိတာမို့ အားလုံးပဲ အဆင်ပြေကြပါစေရှင့်။


