Back to stories
jobinbangkokivy_irissharingiscaring

Sharing is Caring Session - 13

ဒီနိုင်ငံရဲ့ အထက်တန်းကျောင်းသားလေးတွေ Life မှာ ဆိုရင် ကျောင်းစာတွေကိုပဲ လုပ်ရတာမျိုးမဟုတ်ပဲ iPad လေးတွေ ကိုယ်စီ ပေါ့ပေါ့ပါးပါးနဲ့ ဝါသနာပါတာလေးတွေကို သူတိူ့ရဲ့ DailyLife မှာ လုပ်ခွင့်ရကြတယ် ကျောင်းတွေရဲ့နောက်ပိုင်းရည်ရွယ်ချက်ကလဲ community Building အတွက်ပဲ အဓိကထားလာကြတယ်။ ကလေးတွေဆိုပြီး ကိုယ်တွေဆီမှာလို မိဘက အစစအရာရာလိုက်ပြော လိုက်လုပ်နေကြတာမျိုး အများအားဖြင့် မတွေ့ရဘူး။ သူတို့ကိုယ်တိုင်ကလဲ အရွယ်ရောက်ပြီး ရင့်ကျက်သူလေးတွေလို အရာရာလုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲရှိကြတယ်။ MRT ပေါ်၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက် စတဲ့ public နေရာတွေမှာလဲ ပရမ်းပတာနဲ့ တစ်ဖက်လူအနှောက်ယှက်ဖြစ်တာမျိုးတွေကိုမလုပ်ကြဘူး ။ သူတို့လုပ်စရာရှိတာလေးတွေပဲ Focus ထားပြီး လုပ်ကြတယ် မူလတန်း၊ အထက်တန်းမှာတည်းက အဲ့လို လွတ်”လပ်” ကိုယ်ဝါသနာပါတာကို လုပ်ခွင့်ရကြတော့ တိုးတက်ကြတယ် ။ လွန်ခဲ့တဲ့ ရက်က working space မှာ uni က ထိုင်းသူငယ်ချင်း တစ် ယောက် က Eng Version နဲ့ထုတ်ထားတဲ့ စာအုပ်ကနေ notes တွေလုပ်နေတာ တွေ့လို့ သွားစပ်စုလိုက်တာ။ သူပြတဲ့ စာအုပ်ရှာကြည့်တော့ review လဲတော်တော်ကောင်းတယ်။ ဒါမဲ့ ကိုယ်က သရဲအကြောင်းတွေ ကျဖတ်ရမှာ ပျင်းတယ် ပြောတော့ ထိုင်းလိုနားလည်ရင် ဒီမှာ ကြည့်ဆိုပြီး TikTok Acc linkလေး shareပေးတာ ။ ဝင်ကြည့်မိတော့မှ သူဖြစ်နေတာ ။ မျက်နှာမပါပဲ စာအုပ်နဲ့ အခန်းလှလှလေးကို focus လုပ်ပြီး storytelling ပုံစံမျိုးလေး လုပ်ထားတာ။ TTမှာ YouTube Linkပါပေးထားတော့ ဝင်ကြည့်မှ omg ဖြစ်လိုက်ရ ။ တက္ကသိုလ်အတူတူ တက်နေတာဆိုပင်မဲ့ သူတို့က ၁၇/၁၈ ဝန်းကျင်လေနော်(ကိုယ်တွေကသာ ဒီမှာ အစက ပြန်စနေရတာ) ကိုယ်ဆို စစချင်း သူလို့ မထင်ထားဘူး uniမှာဆို lowkeyလေးပဲနေတာ အမြဲ iPadတခုနဲ့အလုပ်ရှုပ်နေတာတော့ သိတယ်။ ဒါမဲ့ အသက် ၁၈ဝန်းကျင် နဲ့ ဒီလို social lifeမှာ အောင်မြင်ဖို့ဆိုတာ လွန်ခဲ့တဲ့ နှစ်အပိုင်းခြားတည်းက သေချာ ပျိုးထောင်ခဲ့လို့ ငယ်ရွယ်တုန်းမှာ ရတဲ့ ဉာဏ်ရည်မျိုးနဲ့energy တွေ က ကိုယ်တွေလိူ အသက် ၂၅မှာရှိနေတာနဲ့ မတူတော့ဘူးလေနော်။ အခုနောက်ပိုင်း တက္ကသိုလ် ကို ဘွဲ့ရဖို့ တစ်ခုလောက်ပဲ တက်ပြီး ကျန်တဲ့အပိုင်းတွေမှာ social media/ marketing skill ကို အသုံးချပြီး ကိုယ်ဝါသနာပါရာ လမ်းကြောင်းတွေကပဲ ဝင်ငွေရှာကြတော့တာ တကယ်အားကျရတယ်။ (ထိပ်တန်းတက္ကသိုလ်တွေမှာတက်နိုင်ဖို့ ကြိုးစားတဲ့ လူငယ်တစ်စုကလဲရှိပါတယ်။ ဒါမဲ့အများစုကတော့ ပျော်ပျော်ပါးပါးနဲ့ ဝါသနာပါရာလမ်းကြောင်းတွေကနေပဲ ဝင်ငွေရှာဖို့ ကြိုးစားတည်ဆောက်နေကြပြီ) ချင်းမိုင်မှာဆို မိဘတွေလဲဝင်ငွေလမ်းကြောင်းတခုရှိရင် အေးဆေး ရပ်တည်လို့ရသလို ကလေးတွေအတွက်လဲ အများကြီး future lifestyle တွေပြောင်းလဲသွားကြမှာ ဆိုပြီး အခုဆိုရင် အထက်တန်းတည်းက ဒီဖက်မှာ ကျောင်းလာထားကြတဲ့ ကိုယ်တွေဆီက မိဘတွေများလာပြီ ။ နိုင်ငံချင်းတူပင်မဲ့ ရပိုင်ခွင့်တွေ မတူ ၊ ပညာရေးစနစ်တွေ မတူ ၊ ဝင်ငွေလမ်းကြောင်းတွေ မတူတော့ အများကြီးကွာခြားကုန်ပြီ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက ကလေးတွေရဲ့ မိဘတွေလဲ ကျောင်းစာတစ်ခုတည်းကိုပဲ Focus ထားတာ မဟုတ်ပဲ တခြား ဘာသာစကားတွေ ၊ Knowledge skill ၊ technologi skill ၊ community building ၊ သူတို့ဝါသနာပါတဲ့ လမ်းကြောင်း စတာတွေကို တွဲဖက်ပြီး Trainပေးသင့်ပါပြီနော်🌟 ဒီဖက်မှာတော့ university life ကနေ business ပိုင်းဝင်တဲ့အထိ အခက်ခဲမရှိပဲ ဝါသနာပါရာလုပ်ပြီး ဝင်ငွေတစ်ခုနဲ့ ကိုယ်ပိုင် အချိန် အပြည့်အဝ ရလို့ ဒီရောက်တာတောင် နောက်ကျသားပဲ တွေးမိနေတော့တာ… Sharing is Caring Session _ 13 #ထိုင်းနိုင်ငံ #jobopportunity2025 #jobinbangkok #ivy_iris #sharingiscaring #ShareThisPost #sharing #sharingiscaringandloving