[{"data":1,"prerenderedAt":47},["ShallowReactive",2],{"post-cv-form":3,"tiktoks":17},{"id":4,"title":5,"slug":6,"status":7,"tags":8,"featuredImageUrl":12,"galleryImageUrls":13,"publishedAt":14,"content":16},"6V23rOPLarGQQgeYtpyI","အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက်","cv-form","published",[9,10,11],"jobinbangkok","ivy_iris","sharingiscaring","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fcv-form\u002F1757827655719_image.png",[12],{"_seconds":15},1757827731,"အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက် 🌟\n၁။ Your First Impression\n· ကုမ္ပဏီ\u002Fအဖွဲ့အစည်းက သင့်ကို မတွေ့ရသေးခင်မှာ သင့်ရဲ့ CV ကို အရင်မြင်ကြပါတယ်။\n· CV ကောင်းတစ်စောင်ဟာ သင့်ရဲ့ professional ပုံရိပ်ကို တည်ဆောက်ပေးပြီး လုပ်ငန်းရှင် တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရစေမှာပါ။ \n၂။ Your Ticket to an Interview\n· အလုပ်ရှင်တွေ၊ HR Manager တွေဟာ အလုပ်လျှောက်လွှာ အများကြီးထဲကနေ CV တွေကိုကြည့်ပြီး ဘယ်သူ့ကို interview အဆင့်ခေါ်မလဲဆိုတာ ဆုံးဖြတ်တာမို့\n· CV မှာ သင့်ရဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေကို ထင်ဟပ်စေမယ့် Keyword တွေ ပါဝင်မှုက အရေးကြီးပါတယ်။ ဒါမှသာ Applicant Tracking System (ATS) လို့ခေါ်တဲ့ CV စစ်ဆေးတဲ့ software တွေကနေ စစ်ထုတ်ရင်တောင် ကိုယ်မကျန်ခဲ့မှာ ဖြစ်ပါတယ်။\n၃။ A Tool to Showcase Your Strengths\n· CV ဟာ ပညာရေး၊ အလုပ်အတွေ့အကြုံ၊ စွမ်းရည်တွေ၊ အောင်မြင်မှုတွေကို စနစ်တကျ စုစည်းပြသထားတဲ့ စာရွက်စာတမ်းတစ်ခု ထက်ပိုအောင် ကိုယ် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ကိန်းဂဏန်းတွေ၊ ရလဒ်တွေနဲ့ သက်သေပြနိုင်ရင် ပိုပြီးထိရောက်ပါတယ်။\nYour Personal Branding နဲ့ ကောင်းမွန်တဲ့ CV တစ်စောင်ရဲ့ အခြေခံအချက်များ\n1. ရှင်းလင်းပြေပြစ်မှု နှင့် စနစ်ကျမှု (Clarity and Structure) - ဖတ်ရလွယ်ကူပြီး အချက်အလက်တွေ အစီအစဥ်ကျဖို့ အရေးကြီးပါတယ်။\n2. အဓိက အောင်မြင်မှုများ (Key Achievements) - ဘာအောင်မြင်မှုတွေရခဲ့တယ်ဆိုတာကို ဦးစားပေးဖော်ပြပါ။\n3. Keyword များ - Job Description မှာပါတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ စွမ်းရည်နဲ့ အတွေ့အကြုံတွေကို ထည့်သွင်းပါ။\n4. အမှားကင်းစင်မှု (Error-Free) - စာလုံးပေါင်း အထားအသိုအမှားယွင်းမရှိအောင် ဂရုစိုက်ပါ။\n5. သင့်တော်သော အရှည် - အတွေ့အကြုံအလယ်အလတ်ရှိသူတစ်ယောက်အတွက် စာမျက်နှာ ၂ မျက်နှာထက်မပိုသင့်ပါဘူး။\nဘယ်လိုတိုတိုနဲ့ ထိရောက်စွာ သင့်ရဲ့ အကောင်းဆုံး အချက်တွေကို ပြသနိုင်မလဲဆိုတာက အလွန်အရေးကြီးပါတယ်။ CV ကောင်းတစ်ခုကြောင့် အလုပ်တွေ့ခွင့်ရနိုင်သလို၊ CV ညံ့တာကြောင့်လည်း အလုပ်တွေ့ခွင့် လုံးဝမရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ \nဒါကြောင့် အချိန်ယူပြီး ဂရုတစိုက်ရေးသားပြင်ဆင်သင့်တဲ့ အရာဖြစ်ပါတယ်။\nCV form  service အတွက် သိလိူပါက _ https:\u002F\u002Fwww.facebook.com\u002Fshare\u002Fp\u002F1C2WvrtHw2\u002F?mibextid=wwXIfr\n#jobinbangkok #ivy_iris #sharingiscaring #cv #cvformat",[18,19,20,21,22,23,24,25,26,27,28,29,30,31,32,33,34,35,36,37,38,39,40,41,42,43,44,45,46],"7545712923939736840","7543953629934259463","7539140809392737543","7544008817315466514","7540663337235893522","7533906461219458312","7534732860092189959","7538025967650983175","7511945188319710472","7540578150997036306","7545734099219074311","7492322717039922440","7536082580693716232","7549150917011066130","7547253573789289735","7546255533553028370","7531660773907516690","7536238129158589703","7533222229023165704","7538813562878201106","7541070541466127623","7549408461390499079","7537324408248028423","7547008803405876487","7548397703101811975","7534277053697363218","7546512724759498002","7542879626624781576","7545891341897567496",1779052003165]