Back to stories
jobinbangkokivy_irissharingiscaring

အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက်

အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက် 🌟 ၁။ Your First Impression · ကုမ္ပဏီ/အဖွဲ့အစည်းက သင့်ကို မတွေ့ရသေးခင်မှာ သင့်ရဲ့ CV ကို အရင်မြင်ကြပါတယ်။ · CV ကောင်းတစ်စောင်ဟာ သင့်ရဲ့ professional ပုံရိပ်ကို တည်ဆောက်ပေးပြီး လုပ်ငန်းရှင် တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရစေမှာပါ။ ၂။ Your Ticket to an Interview · အလုပ်ရှင်တွေ၊ HR Manager တွေဟာ အလုပ်လျှောက်လွှာ အများကြီးထဲကနေ CV တွေကိုကြည့်ပြီး ဘယ်သူ့ကို interview အဆင့်ခေါ်မလဲဆိုတာ ဆုံးဖြတ်တာမို့ · CV မှာ သင့်ရဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေကို ထင်ဟပ်စေမယ့် Keyword တွေ ပါဝင်မှုက အရေးကြီးပါတယ်။ ဒါမှသာ Applicant Tracking System (ATS) လို့ခေါ်တဲ့ CV စစ်ဆေးတဲ့ software တွေကနေ စစ်ထုတ်ရင်တောင် ကိုယ်မကျန်ခဲ့မှာ ဖြစ်ပါတယ်။ ၃။ A Tool to Showcase Your Strengths · CV ဟာ ပညာရေး၊ အလုပ်အတွေ့အကြုံ၊ စွမ်းရည်တွေ၊ အောင်မြင်မှုတွေကို စနစ်တကျ စုစည်းပြသထားတဲ့ စာရွက်စာတမ်းတစ်ခု ထက်ပိုအောင် ကိုယ် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ကိန်းဂဏန်းတွေ၊ ရလဒ်တွေနဲ့ သက်သေပြနိုင်ရင် ပိုပြီးထိရောက်ပါတယ်။ Your Personal Branding နဲ့ ကောင်းမွန်တဲ့ CV တစ်စောင်ရဲ့ အခြေခံအချက်များ 1. ရှင်းလင်းပြေပြစ်မှု နှင့် စနစ်ကျမှု (Clarity and Structure) - ဖတ်ရလွယ်ကူပြီး အချက်အလက်တွေ အစီအစဥ်ကျဖို့ အရေးကြီးပါတယ်။ 2. အဓိက အောင်မြင်မှုများ (Key Achievements) - ဘာအောင်မြင်မှုတွေရခဲ့တယ်ဆိုတာကို ဦးစားပေးဖော်ပြပါ။ 3. Keyword များ - Job Description မှာပါတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ စွမ်းရည်နဲ့ အတွေ့အကြုံတွေကို ထည့်သွင်းပါ။ 4. အမှားကင်းစင်မှု (Error-Free) - စာလုံးပေါင်း အထားအသိုအမှားယွင်းမရှိအောင် ဂရုစိုက်ပါ။ 5. သင့်တော်သော အရှည် - အတွေ့အကြုံအလယ်အလတ်ရှိသူတစ်ယောက်အတွက် စာမျက်နှာ ၂ မျက်နှာထက်မပိုသင့်ပါဘူး။ ဘယ်လိုတိုတိုနဲ့ ထိရောက်စွာ သင့်ရဲ့ အကောင်းဆုံး အချက်တွေကို ပြသနိုင်မလဲဆိုတာက အလွန်အရေးကြီးပါတယ်။ CV ကောင်းတစ်ခုကြောင့် အလုပ်တွေ့ခွင့်ရနိုင်သလို၊ CV ညံ့တာကြောင့်လည်း အလုပ်တွေ့ခွင့် လုံးဝမရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိန်ယူပြီး ဂရုတစိုက်ရေးသားပြင်ဆင်သင့်တဲ့ အရာဖြစ်ပါတယ်။ CV form service အတွက် သိလိူပါက _ https://www.facebook.com/share/p/1C2WvrtHw2/?mibextid=wwXIfr #jobinbangkok #ivy_iris #sharingiscaring #cv #cvformat