Back to stories
jobinbangkokivy_irissharingiscaring

Culture မတူသော ယဉ်ကျေးမှု များကြား humble ဖြစ်အောင်နေထိုင်ပါ🎀

Culture မတူသော ယဉ်ကျေးမှု များကြား humble ဖြစ်အောင်နေထိုင်ပါ🎀 Humble ဖြစ်ခြင်းက မိမိ Role ကို နိမ့်ကျသွားခြင်း မဟုတ်ပါ ✅ ထိုင်းမှရောက်နေပြီးတော့ ဒီလို အပြုမူလေးတွေကအစ အားလုံး သတိထား တတ်စေဖို့ ဒီနေ့မှာပြောပြပေးချင်ပါတယ်။ ကိုယ်က လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ အပြင်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သက်ကြီးသူတွေနဲ့ပဲဖြစ်စေ ၊ အရွယ်တူ သူတွေနဲ့ပဲဖြစ်စေ ၊ အင်တာဗျူး တွေမှာ ဖြစ်စေ လက်အုပ်ချီပြီးတော့နှုတ်ဆက်တက်တဲ့အကျင့်ကိုအရင်ဆုံးမမေ့ မလျော့ဘဲနဲ့လုပ်စေချင်ပါတယ်🙏🏻 ကိုယ်ကိုယ်တိုင်ကလက်အုပ်ချီပြီးတော့ စတင် နှုတ်ဆက်တာက တစ်ဖက်သူကို respect ပေးခြင်း၊ အခေါ်ဝေါ်သုံးနှုန်းလေးတွေကို ညင်သာစွာသုံးခြင်း၊ စတာတွေက ကိုယ့်ရဲ့ Role ကိုနိမ့်ကျသွားစေတာမျိုးလုံးဝမဟုတ်ပါဘူးနော်။ ရှိနေတဲ့ ကိုယ့်ရဲ့ အဆင့်တန်းကို ပိုပြီးတော့ မြင့်တက်သွားစေတာမျိုးပါ✅💗 မြန်မာအယူအဆမှာကလက်အုပ်ချီခြင်းသည်အရမ်းကြီးမြတ် တယ်လို့ခံယူထားပေမယ့် ထိုင်းနိုင်ငံမှာတော့ဒီဟာကသာမန်ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။ ဆိုတော့ Ivy တို့ အနေနဲ့အများကြီးစဉ်းစားတွေဝေနေစရာ မျိုးမလိုဘဲနဲ့ကိုယ့် ရဲ့humble ဖြစ်မှုလေးကိုဒီအရာလေးကနေပြီးတော့ စတင် ပြလို့ရပါတယ်။ ဒါကတော့ ဒီနေ့မှာ company မှာ အင်တာဗျူး ဖြေတဲ့ မောင်လေး တစ်ယောက်က နိုင်ငံခြား သူဌေးရှေ့မှာလက်အုပ်ချီပြီး နှုတ်ဆက်တာလေးကို သူဌေးက သဘောတွေကျပြီး ပြန်ပြောပြရင်း အားလုံး အတွက်လဲ သတိရလို့ ရေးပေးလိုက်ပါတယ်… ဒါက companyပဲရှိပါသေးတယ်နော် ဟိုတယ်ပိုင်းမှာလုပ်တဲ့သူတွေဆို လက်အမူရာ နှုတ်အမူရာ တွေကို အခုထက်ပိုပြီး ယဉ်ကျေးသိမ်မွေ့စွာ နေရပါသေးတယ်💗 အခု website ရဲ့ တစ်မျက်နှာတည်းမှာပဲ Title တွေ တပ်ပေးထားတာမို့ ကိုယ်သိချင်တာကို click နှိပ်တာနဲ့ အသေးစိတ် ဖတ်လို့ရပြီ ဖြစ်ပါတယ်🌟🫵🏻 Website Link _ https://ivyiris-thailand.web.app/ #jobinbangkok #ivy_iris #SharingisCaring#visaservices #humble #humblebeginnings #humblebeginningsbigdreams