Basic Salary in Thailand
Customer အမ တစ်ယောက် မေးထားတာလေးကို အားလုံးအတွက် ဖြေပေးပါမယ်✅✅
ဖတ်မယ်ဆိုရင် တစ်သျှူးလေး ဆောင်ထားပါနော် 🥲
ထိုင်းကို လာမယ် ဆိုရင် လစာ အများကြီး ရဖို့ ဆိုတာ မျှော်လင့်လို့ မရပါဘူး။
နောက်တစ်ခုက ပြန်ကြည့်ရမည့် မိသားစု ရှိတယ်ဆိုရင် ပိုလို့တောင် အဆင်မပြေပါဘူးနော်
ရတဲ့လစာကို ခွဲခြမ်း စိတ်ဖြာလိုက်ရင် အပိုငွေဆိုတာ မပြောပလောက်တဲ့ ပမာဏပဲ ထွက်လာတာပါ။
အလုပ်တစ်ခုတည်း လုပ်ပြီး နေထိုင်ရပ်တည်မယ်ဆိုရင် ကိုယ့်ကိုကိုယ် survivor ဖြစ်ဖို့ အတွက် ရပ်တည် ချင်သူတွေပဲ အဆင်ပြေပါမယ်။
ဒီနေရာမှာ ပြောချင်တာကMOU နဲ့ လာတဲ့ သူတွေနေ စရာ အပြီးစီး လစာ ဘာညာ အပြီးစီး ဖြစ် တဲ့ အတွက် အဆင်ပြေကောင်း ပြေပါလိမ့်မယ်။
အစစရာရာ ကိုယ့်ဟာကိုယ် စီစဉ် ရမဲ့ သူတွေ၊ မဖြစ်မနေမလို့ အဆင်ပြေတဲ့ visa နဲ့လာတဲ့သူတွေ ၊ ဘတ်မရိုက်ပဲ visa ဝယ်ပြီး နေမဲ့ သူတွေက လုံးဝ အပိုငွေ မထွက်ပါဘူးနော် ။
အဲ့ဒါကြောင့် ထိုင်းကိုလာရပြီးရော ထွက်လာရတယ်ဆိုရင်တောင် ကိုယ်ပြန်ကြည့်ရမည့် မိသားစုရှိတယ်ဆိုရင် တခြားလုပ်ငန်းတစ်ခု ကို Backup အနေနဲ့ ရှိထားသင့်ပါတယ်။
ဒါမှသာ အဆင်ပြေပါမယ်
လက်ရှိ မှာ လစာ ၁၂၀၀၀ ကနေ ၁၈၀၀၀ , ၂၀၀၀၀ ရတဲ့ သူတွေမှာ အပိုအလျှံ မထွက်နိုင်ဘူး ဆိုတာကို ပြောပြတာပါနော်
အခုကာလမှာ ဒီက အလုပ်ရှင်တွေ အနေနဲ့ကလဲ professional သမားတွေကို လစာ ၃သောင်းဝန်းကျင် ပေးဖို့ဆိုတာတောင် အတော် စဉ်းစားနေတဲ့ အခြေအနေပါ။
ကိုယ်က နိုင်ငံခြားလုပ်ငန်းခွင် အတွေ့ကြုံယူမယ်၊ survivor ဖြစ်အောင် နေချင်တဲ့ သူတွေ၊ Third Country ကူးဖို့ ခန လာနေတဲ့သူတွေ၊ အိမ်က ကျောင်းစရိတ်ပေးတယ် ကိုယ်က အသုံးစရိတ်ပဲ ရှာရမယ် ၊ ကိုယ်ပိုင်တခြားအလုပ်ရှိတယ် ဒီဖက်မှာ အပိုဝင်ငွေ ရဖို့ ဆိုတဲ့သူ တွေ အတွက်ကတော့ အဆင်ပြေပါတယ်။
အ- လု - ပ် ရှာတဲ့ နေရာမှာလဲ ကံချင်းက မတူပါဘူးရှင်။ အတူတူ အလုပ်လျှောက်တယ် သူကကျ လစာကောင်း positions ကောင်းတယ် ကိုယ်က ကျ အရည်ချင်း အတူတူကို သူ့လောက် မရ တာမျိုးလဲ ရှိတတ်ပါတယ်။ ဒါက ကိုယ်အသုံးမကျလို့မဟုတ်ပဲ ဒီနိုင်ငံရဲ့အခြေအနေအရ ခေါ်တဲ့ ဦးရေနဲ့ လျှောက်တဲ့ ဦးရေ မညီမျှလို့သာ ဖြစ်ပါတယ်နော်။
Professional တွေဆို ရင် အေဂျင်စီတွေကနေ လျှောက်တာထက် မိမိဘာသာ လျှောက်ဖို့သာ အမြဲ အကြံပေးဖြစ်ပါတယ်။
Admin တို့ကိုလာမေးရင်လဲ အဆင်ပြေပါတယ် လာပါ မပြောလိုပါဘူးနော်
ကိုယ့်သဘော ဆန္ဒပေါ်မူတည်ပြီး customer တွေက စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။
Sharing is Caring _ Session 4
IvyIris


