[{"data":1,"prerenderedAt":47},["ShallowReactive",2],{"post-barista-field-in-thailand":3,"tiktoks":17},{"id":4,"title":5,"slug":6,"status":7,"tags":8,"featuredImageUrl":12,"galleryImageUrls":13,"publishedAt":14,"content":16},"B3HxdZks8cBK7XYQct4k","Barista Field in Thailand","barista-field-in-thailand","published",[9,10,11],"jobinbangkok","ivy_iris","sharingiscaring","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fbarista-field-in-thailand\u002F1756910249817_image.png",[12],{"_seconds":15},1756910264,"ဒီအပတ်မှာတော့ \nဘန်ကောက်နဲ့ ချင်းမိုင်မှာ Baristaပိုင်းနဲ့ လုပ် ချင်တဲ့ သူတွေ အတွက်  လိုအပ်တဲ့ အရည်အချင်း နဲ့ ပြင်ဆင်ရမှာလေးတွေကို Sharing လုပ်ပေးပါမယ်။\n၁။ အခြေခံကျတဲ့ ကျွမ်းကျင်မှုများ (Hard Skills)\nကော်ဖီစက်အသုံးပြုနိုင်ခြင်း (Grinder, Espresso Machine)၊  (Steaming Milk)၊ ကော်ဖီချက်နည်း (Pour Over, French Press, AeroPress ) စတာတွေ သိရပါမယ်။\n၂။ ကော်ဖီအမျိုးအစားများ နားလည်ခြင်း :Espresso, Cappuccino, Latte, Americano, Mocha အစရှိတဲ့ Basic Menu ကော်ဖီတွေကို ပုံမှန်အတိုင်း သိနေရပါမယ်။\n၃။ သန့်ရှင်းမှု\n ကော်ဖီဆိုင်တစ်ခုလုံး၊ အထူးသဖြင့် ကော်ဖီစက်နဲ့ ကိရိယာတွေ သန့်ရှင်းဖို့ အလွန်အရေးကြီးပါတယ်။ ဒါက ဝန်ထမ်းအချင်းချင်း ညှိပြီးလုပ်ရမှာ ဖြစ်လို့ ကိုယ့်တာဝန် မဟုတ်တာဆိုပြီး နေ လို့မရပါနော်။\n၄။ လူမှုဆက်ဆံရေး စွမ်းရည်များ (Soft Skills)\nဧည့်သည်တွေနဲ့ ပြုံးပြီး ပြောဆိုဆက်ဆံနိုင်ခြင်း၊ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေဆိုနိုင်ခြင်း။\nလုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်ခြင်း။\nMenu များတဲ့ဆိုင်တွေမှာ customer ကျတဲ့အခါ ၊ ပြင်ဆင်မှုကြာတဲ့ coffee တွေကို  စိတ်ရှည်ရှည်နဲ့ အမြန် လုပ်ဆောင်နိုင်ခြင်း။\nလုပ်ငန်းခွင်မှာ  သတိထားပြီး အမှားနည်းအောင် လုပ်ဆောင်နိုင်ခြင်း။\n၅။ဘာသာစကားနှင့် ဆက်သွယ်ရေး\nထိုင်းလူမျိုး ဧည့်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ဖို့အတွက် ထိုင်းစာကို အခြေခံရဖို့ လိုအပ်ပါတယ်။ (အထူးသဖြင့် ချင်းမိုင်က ဒေသခံဆိုင်တွေမှာ)\nနိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဆက်သွယ်ဖို့၊ တစ်ဆိုင်လုံးက menu ကို နားလည်ဖို့ လိုအပ်ပါတယ်။ (အထူးသဖြင့် ဘန်ကောက်နဲ့ ချင်းမိုင်က ခရီးသွားဧည့်သည်များတဲ့ဆိုင်တွေမှာ)\nကိုယ်က English စာရတယ် နိုင်ငံခြားသား အလာများတဲ့ဆိုင်တွေမှာ ကိုယ့်ကိုခန့်တယ်ဆိုရင် ဆိုင်မှာ ရှိတဲ့ထိုင်းဝန်ထမ်းတွေထက် ကိုယ်က ပိုပြီး menu သိနေရပါမယ်။ ဒါမှ ဧည့်သည်မေးရင် ဖြေနိုင်မှာ ဖြစ်ပါတယ်\nဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်အောင် မေးမြန်းနိုင်ခြင်း၊ ကော်ဖီအကြောင်း ရှင်းပြနိုင်ခြင်းစတာတွေ လိုအပ်ပါတယ်။\n၆။ဘွဲ့ သတ်မှတ်ချက် မရှိပင်မဲ့ သက်ဆိုင်ရာ certificate (or) Diploma တစ်ခုခု ရှိရပါမယ်။\nအတွေ့အကြုံရှိရင် ပိုအလုပ်ရလွယ်ပါတယ်။ ဒါပေမယ့် တချို့ဆိုင်တွေကတော့ ဝင်ဝင်ချင်း တစ်ပတ်ကို သေချာ လေ့ကျင့်သင်ကြားပေးတာလည်း ရှိပါတယ်။\nကော်ဖီဆိုင်တွေကဘတစ်နေကုန် ရပ်ပြီး အလုပ်လုပ်ရတာမို့ ကျန်းမာဖို့လဲ လိုအပ်ပါတယ်။\nတခြား နေရာတွေလို ကိုယ်မရှိရင် အစားထိုးစရာ လူ မရှိတာမို့ သေချာ ဂရုစိုက်ပါ။\nကော်ဖီနဲ့ ပတ်သတ်တဲ့ ခေတ်ပေါ်အလေ့အထတွေ၊ ပစ္စည်းအသစ်တွေကို လေ့လာနေဖို့ မပျင်းပါနဲ့။\n၇။အတွေ့အကြုံမရှိရင် ဘာလုပ်သင့်လဲ\n*   **Barista Course တက်ရောက်ပါ :** ဘန်ကောက်\u002Fချင်းမိုင်မှာရှိတဲ့ ကော်ဖီသင်တန်းကျောင်းတွေမှာ အခြေခံသင်တန်းတွေ တက်ပါ။ (ဥပမာ: Specialty Coffee Association သင်တန်းတွေ)\nမသိရင် Ivy Share ပေးနေကျ သင်တန်းရှိပါတယ် Page မှာ ရှာဖတ်ပါ။\n၈။ အလုပ်လျှောက်မည့်သူများ မိမိ Cv Form မှာ Education and work experience အပြည့်အစုံပါရပါမယ်။\nကိုယ်လုပ်ခဲ့ဖူးတဲ့ပုံတွေကို Attached File တွဲထားပါ။ Cv form မှာ ကျော့ရှင်းတဲ့ ဓာတ်ပုံပဲ သုံးပေးပါ။ \nလက်သည်းရှည် ၊ ဆံပင်ရှည် မဖြစ်ရပါ။\n*   **အတွေ့အကြုံမရှိရင် လေ့ကျင့်ပေးမယ့် ဆိုင်တွေကို ဦးစားပေးလျှောက်ထားပါ။**\nဘန်ကောက်နဲ့ ချင်းမိုင်မှာ ကော်ဖီဆိုင်တွေ အများကြီးရှိတဲ့အတွက် အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ အထက်ပါ အရည်အချင်းတွေ ပြည့်မီအောင် ကြိုးစားပြီး လျှောက်ထားဖို့ အကြံပေးလိုပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေကို CV မှာ ရှင်းလင်းစွာဖော်ပြပြီး အင်တာဗျူးမှာ ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ လိုပါတယ်။ ကံကောင်းပါစေ! ☕✨\nPackages များကို ChatBoxတွင် အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်📌",[18,19,20,21,22,23,24,25,26,27,28,29,30,31,32,33,34,35,36,37,38,39,40,41,42,43,44,45,46],"7545712923939736840","7543953629934259463","7539140809392737543","7544008817315466514","7540663337235893522","7533906461219458312","7534732860092189959","7538025967650983175","7511945188319710472","7540578150997036306","7545734099219074311","7492322717039922440","7536082580693716232","7549150917011066130","7547253573789289735","7546255533553028370","7531660773907516690","7536238129158589703","7533222229023165704","7538813562878201106","7541070541466127623","7549408461390499079","7537324408248028423","7547008803405876487","7548397703101811975","7534277053697363218","7546512724759498002","7542879626624781576","7545891341897567496",1779052003168]