Bangkok or Chiang Mai
ဒီနေ့မှာတော့ အမေးများတဲ့ မေးခွန်းဖြစ်တဲ့ အလုပ် လျှောက်မယ်ဆိုရင် ဘန်ကောက် နဲ့ ချင်းမိုင် ဘယ်မြို့ကို ရွေးရမလဲ ဆိုတဲ့ Client တွေ အတွက်ရှင်းပြပေးပါမယ်။
No1. အလုပ်အကိုင်အခွင့်အလမ်း နှိုင်းယှဥ်ချက်
⭐ ဘန်ကောက် ⭐
BKK မှာ ဆိုရင် နိုင်ငံတကာကုမ္ပဏီတွေ (ဘဏ်၊ နည်းပညာ၊ ထုတ်လုပ်မှု၊အင်ဂျင်နီယာ ၊ ဆေးဝါးနှင့်ဆက်စပ်၊ ဟိုတယ်လုပ်ငန်း )စတဲ့ company တွေအများအပြားရှိတာဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းပေါများပါတယ်။
⭐ချင်းမိုင် ⭐
ချင်းမိုင်မှာတော့ ( Digital Marketing,NGO, Teaching Job, Freelance,Camera Man, Barista,Bartender) စတဲ့ အလုပ်အမျိုးစားတွေပေါပါတယ်။ ဘန်ကောက်ထက်စာရင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါတယ်။
No2. လစာကွာခြားမှု
BKK >> 15000 -70,000 THB (အလုပ်အမျိုးအစားပေါ်မူတည်)
Chiang Mai >> 15,000-35,000 THB
BKK မှာတော့ English ကျွမ်းကျင်ရုံနဲ့ အလုပ်ရဖို့ % ပိုများပင်မဲ့
Chiang Mai မှာတော့ အင်္ဂလိပ်စာအပြင် ထိုင်းစာ ကျွမ်းကျင်မှ ပိုအဆင်ပြေပါမယ်။
No3. ကုန်ကျစရိတ် နှိုင်းယှဥ်ချက်
✅Living Cost
BKK >> 8,000-20,000 THB (Condo)
CM>> 3,000-8,000 THB (Apartment to Condo)
✅စားသောက်စရိတ်
BKK >> 8,000-15,000 THB
CM >> 5,000-8,000 THB
✅Transportation
BKK >> BTS/MRT: 2000-3000 THB လောက်ကုန်ကျပါတယ်။
CM>> ချင်းမိုင်မှာတော့ ဆိုင်ကယ် ပဲ စီးကြတာမို့ မဝယ်ထားပဲ တစ်လခြင်းငှါးလို့လဲရပါတယ်: 2,500 THB/လ ပဲကျပါတယ်။
✅ လူနေမှုစရိတ် မှာတော့ပေးရတာသက်သာပြီး ချင်းမိုင်က ဘန်ကောက်ထက် အများကြီးသာပါတယ်။
No4. ပတ်ဝန်းကျင်အခြေအနေ
BKK ကတော့မြို့ပြလူနေမှုစနစ်ဖြစ်တာကြောင့် 24/7 စီးပွားရေး/ဖျော်ဖြေရေး၊ လူဦးရေထူထပ်၊ ယာဉ်ကြောပိတ် တာတွေ ရှိပါတယ်။
CM ကတော့ သဘာဝနှင့်နီးစပ်ပြီး အေးအေးချမ်းချမ်း နေချင်တဲ့ သူတွေ အတွက် ပိုအဆင်ပြေပါတယ်။ နေထိုင်ရတာ လွယ် ကူပြီး ရပ်ကွက်စျေးလေးတွေနဲ့ တောင်တွေကြားထဲက မြို့လေးပဲ ဖြစ်ပါတယ်။
📊 ဘယ်မှာနေရမလဲ ဆုံးဖြတ်ချက်ချရမယ်ဆိုရင်တော့
✅နိုင်ငံတကာ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပြီး လစာကောင်းကောင်း ရချင်တယ်၊ မြို့နေလူတန်းစား Livestyle မျိုး နဲ့ ဖြတ်သန်းချင်တာဆိုရင် ဘန်ကောက်ကိုရွေးပါ။
✅ရင်းနှီးမြုပ်နှံမှု လုပ်ချင်တယ်၊ ကိုယ်ပိုင်ဆိုင်ဖွင့်မယ်၊ Teaching Jobတွေရချင်တယ်၊ Remote Job နဲ့ အေးအေးဆေးဆေး နေချင်တဲ့ သူတွေ အတွက်ကတော့ ချင်းမိုင်ကိုရွေးပါ။ဟိုတယ်ပိုင်းတွေ ဆိုရင် နေစရာ provide ပေးပါတယ်။
Teaching Job နဲ့ လုပ်ချင်တဲ့ သူတွေ အတွက် လုပ်ငန်းအတွေ့အကြုံ < 3 နှစ် နဲ့အထက် ရှိပါက ချင်းမိုင်တွင် **အင်္ဂလိပ်စာသင်ကြား ပြီး နေထိုင်လို့ ရသလို ထိုင်းစာသင်ယူပြီးမှ ဘန်ကောက်ကို အလုပ်ပြောင်းရွှေ့ပြီး နေထိုင်လို့ရပါတယ်။
ဒီအပတ်မှာတော့ Ivy ဆီအမေးများတဲ့ အကြောင်းကို Sharing လုပ်ပေးထားပါတယ်။
Packages များကို ChatBoxတွင် အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်📌


