Back to stories
jobinbangkokivy_irissharingiscaring

About Income in Thailand

✅ ဘန်ကောက်မှာ Middle Classတွေလို နေထိုင်စားသောက်နိုင်ဖို့ဆို ဝင်ငွေ ဘယ်လောက်ရှိရမလဲ? ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လူလတ်တန်းစားအဖြစ်နေထိုင်စားသောက်ဖို့အတွက် လစဉ်ဝင်ငွေ (salary) အနည်းဆုံး THB 30,000 – 45,000 လောက်လိုပါတယ်။ တကယ် realistic ဖြစ်အောင် အချက်အလက်တွေနဲ့အတူရှင်းပြပေးပါမယ်။ အမျိုးအစား အသုံးစရိတ် Monthly Estimate (THB) 1. အိမ်ခြံမြေ ငှားရမ်း (Studio condo outskirts or shared apartment) 7,000 – 12,000 2. စားသောက် (ဟင်းလျာ + street food + groceries) 6,000 – 10,000 3. အသွားအလာ (BTS, MRT, motorbike, etc.) 1,500 – 3,000 4. ဖုန်း + အင်တာနက် 500 – 1,000 5. အပတ်စဉ်အသုံးများ (shopping, coffee, small luxuries) 2,000 – 4,000 6. အရေးကြီးဘက် (health, visa fee, emergency) 1,000 – 2,000 ဒါကတော့ တစ်လ ချင်း ကုန်ကျနိုင်မဲ့ အခြေခံအသုံးစရိတ် တွေ ဖြစ်ပါတယ်။ ကိုယ်သုံးမဲ့ အပေါ် မူတည်ပြီး ချ်ိန်ဆ နိုင်ပါတယ်ရှင့်။ 🔎 salary အပိုင်း ? • 💰 THB 25,000: ပမာဏဟာဆိုရင် ပြေလည်နိုင်ပင်မဲ့ သာမန်ပမာဏပဲဖြစ်ပါတယ်။ • ✅ THB 30,000 – 35,000: ပမာဏကတော့ နေစရိတ်ပေးပြီး၊ သုံးဖို့အသင့်အတင့်အဆင်ပြေစေပါတယ်။ 🌟 THB 40,000 – 50,000: ရရင်တော့လူလတ်တန်းစားရဲ့ quality lifestyle လိုနေနိုင်မှာ ဖြစ်ပါတယ်။ ခရီးတွေ ထွက်နိုင်မယ် အိမ်စရိတ်အတွက် ကောင်းကောင်းသုံးနိုင်မှာ ဖြစ်ပါတယ်။ 📝 အကြံပြုချက်: ကိုယ်က မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ချင်တာလား၊ ဒါမှမဟုတ် တစ်ကိုယ်တည်း သမားလား ပေါ်မူတည်ပြီး ဝင်ငွေကို ချိန်ဆနိုင်ပါတယ်။ Basic Salary နည်းတဲ့ နိုင်ငံဖြစ်တာကြောင့် တခြား Business ကနေ ဝင်ငွေရနေဖို့လဲ လိုအပ်ပါတယ်။ ဝင်ငွေပေါ်မူတည်ပြီး လူနေထိုင်မှုကို မြှင့်တင်ရတာမို့ ပိုကောင်းတဲ့ ဝင်ငွေ လမ်းကြောင်းများကို မလာခင် ကြိုတင်စဉ်းစားထားကြပါရှင့်။