လုပ်ငန်းခွင်မှာ မြန်မာ community ရှိတိုင်း အဆင်ပြေတာ မဟုတ်ပါ…
လုပ်ငန်းခွင်မှာ မြန်မာ community ရှိတိုင်း အဆင်ပြေတာ မဟုတ်ပါ…
ဒီနေ့ မှာတော့ clients တွေ ဆီက အကြားရဆုံး ဖြစ်တဲ့ လုပ်ငန်းခွင်မှာ မြန်မာ ရှိလား ?
📍ရှိတယ်ဆိုရင် တစ်ချို့က ပျော်ကြတယ်
ဘယ်သူမှ အကျယ်တဝံ့မပြောကြတဲ့ နောက်ဆက်တွဲ ဖြစ်တတ်တာကို ပြောပြပါမယ်
၂၀၂၁ အရှေ့ပိုင်း ထိုင်းကိုရောက်လာတဲ့ လူတစ်စုမှာ တချို့က ထိုင်းစကားကို အခုချိန်မှာ လုံးဝ ပြောဆိုနေနိုင်ပြီ ဖြစ်ပါတယ်။
သူတို့ ရဲ့ အားနည်းချက်က Eng စာညံ့တာပါ။ သူတို့ ကိုယ်တိုင်လဲ အဲ့ဒါကို သိပါတယ် ဒါမဲ့ ကိုယ်တွေ ရောက်နေတဲ့ နိုင်ငံကလဲ Eng လို ထက် သူတို့ဘာသာ စကားပဲ သုံးကြတော့ သူတို့ အတွက်က နေရတာချောင်လည်နေကြသည်ပေါ့နော်။
အများအားဖြင့်တော့ Blue Collar တွေများပါတယ်( အဲ့ဒီအချိန်တုန်းက ကိုယ်တွေဆီက အတတ်ပညာရှင်တွေကလဲ တခြားနိုင်ငံတွေပဲ ထွက်ကြတာလေနော်)
ဆိုတော့ အခုချ်ိန်မှာဆိုရင် အဲ့ဒီလူတစ်စုကလုပ်ငန်းခွင် နေရာတော်တော်များများမှာ စီနီယာဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ရှိနေကြပါတယ်ပေါ့။
Eng လိုမရ / skills ဆိုတာကလဲ အခုနောက်တက်လာတဲ့ ကလေးတွေလောက် အဖြစ် မရှိ / Qualifications မပြည့်မမှီနဲ့ နေရာ ရထားတော့ နောက်လူတွေကို တွဲခေါ်ဖို့ ဆိုတာ အဝေးကြီး ။ သူတို့ဘာသာ သိမ်ငယ်နေကြရင်းနေရာပျောက်မှာကြောက်တော့ လုပ်ငန်းခွင်မှာဆိုလဲ လူသစ် ဝင်ပြီဆို ထိုင်းတွေထက် သူတို့က ပညာပိုပြရတာနဲ့ ထိုင်းစကားရတော့ ကြားကနေ အတို့အထောင် လုပ်ရတာနဲ့ ….ပြောရရင်အများကြီးပါ
စစချင်း ကိုယ့်ကို ကောင်း”မွန်”လေး ဆက်ဆံ ကိုယ်ကလဲ လုပ်ငန်းခွင်မှာ စကားတွေယုံပြီး ပြောမိ သူဌေးတွေ လုပ်ဖော်ကိုင်ဖက်တွေကြား သူက နဲနဲကိုများများပြန်ပြော နောက်ကျောက 🔪နဲ့ ပြန် htoe တာတွေလဲရှိပါသေးတယ်။
အောက်က အပိုဒ်လေးက ဆရာတစ်ယောက်ရေးထားတာ သဘောကျလို့ crd ပေးပါတယ်။
“လုပ်ဖော်ကိုင်ဖက်ဆိုတာ သူငယ်ချင်းမဟုတ်ပါဘူး ။
သူငယ်ချင်းကို စိတ်ထဲရှိတဲ့ မကျေနပ်ချက်တွေ အကုန်ပြောသလို လုပ်ဖော်ကိုင်ဖက်ကိုလည်း အဲ့လိုသွားပြောလိုက်လို့ မရပါဘူး ။
ဘယ်လောက်ပဲ အဲ့လူနဲ့ ကီးကိုက်တယ် ၊ အမြင်တွေ တူတယ်လို့ပဲ ပြောပြော ကိုယ့်အထဲမှာပဲ ထားသင့်ပြီး ထုတ်မပြောသင့်တဲ့ စကားတွေဆိုတာ ရှိပါတယ် ။
အဲ့လိုစကားတွေ ပြောမိလိုက်ရင် တစ်ချိန်ချိန်ကျ အသုံးချခံရနိုင်ပါတယ် ။
သူငယ်ချင်းဆိုရင်တောင် အပြည့်အဝယုံလို့မရနိုင်တာ လုပ်ဖော်ကိုင်ဖက်ဆိုရင်တော့ ပိုပြီး ယုံလို့မရပါဘူး ✅”
ဆက်ပြောရရင် ထိုင်းတွေကလဲ English လို communication လုပ်ရမှာဆို ပျင်းကြတော့ ထိုင်းစကားရတဲ့ သူနဲ့ပဲ ပြောကြတာများတယ် ဆိုတော့ကိုယ်တွေက လုပ်ငန်းခွင် အစမှာဆို အရမ်း သတိထားရပါတယ်။ ပန်းကန်ဆေးတဲ့နေရာက သူက chef ကိုတောင် ချွန်တွန်း လုပ်လို့ အသိ အကိုတစ်ယောက် အလုပ်ထုတ်ခံလိုက်ရတာတောင် ရှိပါတယ်။
သိူ့သော် သူတိူ့လို စိတ်ထား ကိုယ့်မှာ မရှိဖို့ ဂရုစိုက်ပါ ။ ၂၀၂၁ နောက်ပိုင်း ရောက်လာသူတွေဟာ အရာရာ မနိမ့်ကျတဲ့သူမျိုးတွေများပါတယ်။ ပညာရေးပိုင်းဆိုင်ရာကနေ စိတ်ပိုင်းဆိုင်ရာအထိ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေကနေ ထွက်လာကြတဲ့သူ များတော့ အခုနောက်ပိုင်းဆိုရင်တော့ အရင်ထက် အစစအရာရာ ပိုကောင်းလာတယ်လို့ခံစားရပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်တတ်တာကြောင့်
အခုနောက်ပိုင်း ပညာရှင် အနေနဲ့ ဖြစ်စေ ရရာအလုပ် လူပ်မယ်ဆိုပြီး တွေးထားသည်ဖြစ်စေ လိူအပ်တဲ့ skills တွေအပြင် ဒီနိုင်ငံမှာနေမယ် ရည်ရွယ်ထားရင် ထိုင်းစာ/ စကားကို မဖြစ်မနေ သင်ယူပါ။ ကိုယ့်အတွက် အကျိုးမယုတ်တဲ့အပြင် ဒီလို လူတွေရန်ကလဲ ကင်းဝေးမှာ ဖြစ်ပါတယ်✅
ကိုယ့် လူမျိုးအခံရှိတိုင်း ကောင်းတာမဟုတ်ပဲ အဲ့လို Toxic ဆန်တဲ့ လူတွေမရှိတဲ့ နိုင်ငံသားတွေကြားမှာလုပ်ရရင်လဲ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ သိစေချင်ရုံပါ….
Sharing is Caring Session _ 12
#ထိုင်းနိုင်ငံ #jobopportunity2025 #jobinbangkok #ivy_iris #sharingiscaring #ShareThisPost


