[{"data":1,"prerenderedAt":47},["ShallowReactive",2],{"post-Non-B_Visa":3,"tiktoks":17},{"id":4,"title":5,"slug":6,"status":7,"tags":8,"featuredImageUrl":12,"galleryImageUrls":13,"publishedAt":14,"content":16},"BYOv7qTcCx2j68HqJ1cJ","Non-B Visa အကြောင်း","Non-B_Visa","published",[9,10,11],"jobinbangkok","ivy_iris","sharingiscaring","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fnon-b-visa\u002F1756909680800_image.png",[12],{"_seconds":15},1756909734,"ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် မဖြစ်မနေနဲ့ လိုအပ်လာတတ်တဲ့ Non-B Visa အကြောင်းကို ဒီနေ့ မျှဝေပေးချင်ပါတယ်။\n Non-B Visa က ဘာလဲ၊ ဘယ်လိုလျှောက်လို့ရမလဲ၊ ဘယ်လိုအလုပ်တွေလုပ်လို့ရမလဲ ၊ Non B ရဖို့companyဘက်က  ဘယ်လိုdocuments တွေတောင်းရမလဲ၊ အလုပ်အကိုင် အခွင့်လမ်းရော ပေါလား စတာတွေကိုရှင်းပြသွားပါမယ်။ \nဒါဖတ်ပြီးရင် Customer တွေ အနေနဲ့ ပြင်ဆင်သင့်တာ လိုအပ်တာတွေကို သိသွားပါလိမ့်မယ်✅\n1. Non-B Visa ဆိုတာဘာလဲ?\nNon-B Visa (Business Visa) ဆိုတာ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဗီဇာတစ်ခုပဲဖြစ်ပါတယ်။\n2. Non B နဲ့ ဘာအလုပ်တွေ လုပ်လို့ရနိုင်သလဲ?White collar Job ဆိုတာရော ဘာလဲ??\n • IT \u002F Software Developer\n • Restaurant & Hotel Staff (Chef, Waiter, Manager)\n • English Teacher\n • Construction Worker\nစတဲ့ အလုပ်တွေအပြင် ရုံးတွင်းလုပ်ငန်းများ၊ Admin, HR, Accounting, IT Support, Customer Service, Marketing စတဲ့ ပညာရပ်တွေကိုအခြေခံပြီးလုပ်ရတဲ့ လုပ်ငန်းအမျိုးအစားတွေကို white collar job လို့ ခေါ်ပြီးတော့ ယခုအလုပ်တွေမှာ Non B Provide ပေးဖြစ်ပါတယ်။\n3.  Non-B Visa လျှောက်ဖို့လိုအပ်တဲ့အချက်များ?\n • Company invitation letter (company ကပေးတဲ့ကုမ္ပဏီအလုပ်ခေါ်စာ)\n • Work permit application\n • Passport (valid 6 months+)\n • Degree certificates or qualifications\n • Criminal record (တချို့အတွက်လိုအပ်ပါတယ်)\nစတဲ့ အချက်အလက်(Documents) တွေကို မိမိဆီ မှာ ရှိဖို့ လိုအပ်ပါတယ်။\n4.  Non B အလုပ်ရှာဖို့ နည်းလမ်းများ??\n • Job agency တွေကတစ်ဆင့်ရှာတာ\n • Facebook Groups \u002F Telegram Channels\n • Website များ (JobThai, JobsDB, Glassdoor Thailand) စတဲ့နေရာတွေကနေ ရှာလို့ရပါတယ်\n5. နိုင်ငံခြားသားတွေကို Non B ပေးပြီး အလုပ်ခန့် မယ်ဆို  company တွေက ဘာတွေ ရှိဖို့လိုလဲ?\nထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုဟာ နိုင်ငံခြားသား (ဥပမာ - မြန်မာနိုင်ငံသား) ကို Non-B Visa နဲ့တရားဝင်အလုပ်ခန့်ချင်တယ်ဆိုရင်၊ အောက်ပါအချက်တွေလိုအပ်ပါတယ်။\n(1.) ထိုင်းလူမျိုးဝန်ထမ်းအရေအတွက်\n • နိုင်ငံခြားသား ၁ ယောက်အတွက် ထိုင်းဝန်ထမ်း ၄ ယောက် ရှိဖို့လိုတတ်တယ်\n • ဥပမာ - မြန်မာဝန်ထမ်း ၁ ယောက်ခန့်ဖို့ဆိုရင် ထိုင်းဝန်ထမ်း ၄ ယောက်ခန့်ထားဖို့လိုပါတယ်\n(2) ကုမ္ပဏီမှ အခွန်စည်းကြပ်မှုမှန်ကန်မှု\n • အခွန်ပေးဆောင်မှတ်တမ်း (Tax documents - ภพ.30, ภงด.1, ภงด.3, ภงด.50)\n • Social Security ပေးဆောင်မှုမှန်ကန်မှု (SSO – ประกันสังคม)\n(3) အလုပ်အတွက် သက်ဆိုင်ရာအတည်ပြုစာများ\n • အလုပ်အမျိုးအစားအပေါ်မူတည်ပြီး သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်၊ လိုင်စင် တစ်ချို့လိုအပ်တတ်တယ် (ဥပမာ - သင်တန်းသား\u002Fဆရာ\u002FIT\u002FEngineer)\n(4) အလုပ်ခန့်မယ့်နေရာမှာ သင့်တော်သောရုံးခန်း (Business Premises)\n • ရုံးခန်း\u002Fလုပ်ငန်းတည်နေရာမှန်ကန်ရမယ် (Virtual office မဖြစ်ရပါ)\n(6) Invitation Letter & Contract\n • နိုင်ငံခြားသားအတွက်အလုပ်အပ်ချင်တဲ့ စာတမ်း (Job Offer Letter \u002F Invitation Letter)\n • လုပ်ငန်းသဘောတူညီချက် (Employment Contract) စတာတွေ လိုအပ်ပါတယ်။ \nလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး တခြားလိုအပ်ချက်များလဲ ရှိနိုင်ပါတယ်\n လက်ရှိထိုင်းနိုင်ငံအလုပ်ဈေးကွက်အခြေအနေ အရ\n🔸 ထိုင်းနိုင်ငံမှာ ဘွဲ့ရသူတွေလည်း များပြားလာပြီ\n🔸 မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား တခြားနိုင်ငံတွေကလည်း အလုပ်အတွက်ဝင်လာတဲ့အတွက်အလုပ်ရနိုင်သူပမာဏနဲ့ လျှောက်လွှာတင်သူအရေအတွက်ဟာ ထပ်တူကျနေပါတယ်\n🔸 white collar jobပိုင်းတွေမှာလဲ ထိုင်းနိုင်ငံသားတွေကိုပဲ ခန့်တာ ပိုများပါတယ် (နိုင်ငံခြားသားခန့်တာထက် ပိုပြီးအခွန်ကင်းလွတ်တဲ့အတွက်ဖြစ်ပါတယ်)ဒါကတော့ဖြစ်သင့်ပါတယ်\n🛂 နောက်ထပ် နိုင်ငံခြားသားတွေအတွက် အခက်အခဲများ\n❌ Work permit ရဖို့ Company တစ်ခုအနေနဲ့ အပေါ်က အချက်များအပြည့်အဝပြည့်မေပးနိုင်တာ\n❌ Visa + Work permit လုပ်ခြင်းအတွက်ကုမ္ပဏီရဲ့အသုံးစရိတ်တွေ ပိုသုံးရတာ\n❌ Government policy အရ ရုံးလုပ်ငန်းအချို့မှာ “သူတို့နိုင်ငံသား” မဟုတ်လျှင် မခန့်တာများလာပြီဖြစ်ပါတယ်\n✔️ IT, Tech, Restaurant, Skilled Labor လုပ်ငန်းအချို့မှာသာ နိုင်ငံခြားသားများကို မဖြစ်မနေခန့်တာဖြစ်ပါတယ်\n✔️ White Collar job နဲ့အတူ Non B ရဖို့ အလုပ်ရှာမယ်ဆိုရင် တကယ်ကောင်းတဲ့ အတွေ့အကြုံ + အထူးပညာရပ် တစ်ခုရှိဖို့လိုလာပြီဖြစ်ပါတယ်\n💬 Personally အကြံပြုချက်\n🔹 Non Bရဖို့ အခက်အခဲရှိတယ်ဆိုတာလက်ခံဖို့လိုပါတယ်\n🔹 White collar sector ထက် အခြား sector (Tech, Skilled, Hospitality) ဘက်ကို ပြောင်းလျှောက်တာမျိုးစဉ်းစားဖို့လိုပါတယ်\n🔹 ကိုယ်ကနိုင်ငံခြားသားအနေနဲ့ လျှောက်တာဖြစ်လို့ ထူးချွန်တဲ့ ပညာရပ်နဲ့ တာဝန်ယူနိုင်မှုရှိတဲ့ အရည်ချင်းတွေ ရှိမှသာ ရဖို့လွယ်ကူမှာဖြစ်ပါတယ်။\n✍️ဒါ့ကြောင့် မလိုအပ်တော့တဲ့နေရာကိုအာရုံစိုက်နေခြင်းထက်၊ လိုအပ်တဲ့နေရာကိုဝင်ရောက်နိုင်ဖို့ ပညာ\u002Fလေ့လာမှု တိုးဖို့ ကြိုးစားကြရအောင်။ \nSharing is Caring _ Session 1\nIvyIris \n#jobinbangkok #ivy_iris #SharingisCaring",[18,19,20,21,22,23,24,25,26,27,28,29,30,31,32,33,34,35,36,37,38,39,40,41,42,43,44,45,46],"7545712923939736840","7543953629934259463","7539140809392737543","7544008817315466514","7540663337235893522","7533906461219458312","7534732860092189959","7538025967650983175","7511945188319710472","7540578150997036306","7545734099219074311","7492322717039922440","7536082580693716232","7549150917011066130","7547253573789289735","7546255533553028370","7531660773907516690","7536238129158589703","7533222229023165704","7538813562878201106","7541070541466127623","7549408461390499079","7537324408248028423","7547008803405876487","7548397703101811975","7534277053697363218","7546512724759498002","7542879626624781576","7545891341897567496",1779052003170]