Back to stories
jobinbangkokivy_irissharingiscaring

Non-B Visa အကြောင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် မဖြစ်မနေနဲ့ လိုအပ်လာတတ်တဲ့ Non-B Visa အကြောင်းကို ဒီနေ့ မျှဝေပေးချင်ပါတယ်။ Non-B Visa က ဘာလဲ၊ ဘယ်လိုလျှောက်လို့ရမလဲ၊ ဘယ်လိုအလုပ်တွေလုပ်လို့ရမလဲ ၊ Non B ရဖို့companyဘက်က ဘယ်လိုdocuments တွေတောင်းရမလဲ၊ အလုပ်အကိုင် အခွင့်လမ်းရော ပေါလား စတာတွေကိုရှင်းပြသွားပါမယ်။ ဒါဖတ်ပြီးရင် Customer တွေ အနေနဲ့ ပြင်ဆင်သင့်တာ လိုအပ်တာတွေကို သိသွားပါလိမ့်မယ်✅ 1. Non-B Visa ဆိုတာဘာလဲ? Non-B Visa (Business Visa) ဆိုတာ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဗီဇာတစ်ခုပဲဖြစ်ပါတယ်။ 2. Non B နဲ့ ဘာအလုပ်တွေ လုပ်လို့ရနိုင်သလဲ?White collar Job ဆိုတာရော ဘာလဲ?? • IT / Software Developer • Restaurant & Hotel Staff (Chef, Waiter, Manager) • English Teacher • Construction Worker စတဲ့ အလုပ်တွေအပြင် ရုံးတွင်းလုပ်ငန်းများ၊ Admin, HR, Accounting, IT Support, Customer Service, Marketing စတဲ့ ပညာရပ်တွေကိုအခြေခံပြီးလုပ်ရတဲ့ လုပ်ငန်းအမျိုးအစားတွေကို white collar job လို့ ခေါ်ပြီးတော့ ယခုအလုပ်တွေမှာ Non B Provide ပေးဖြစ်ပါတယ်။ 3. Non-B Visa လျှောက်ဖို့လိုအပ်တဲ့အချက်များ? • Company invitation letter (company ကပေးတဲ့ကုမ္ပဏီအလုပ်ခေါ်စာ) • Work permit application • Passport (valid 6 months+) • Degree certificates or qualifications • Criminal record (တချို့အတွက်လိုအပ်ပါတယ်) စတဲ့ အချက်အလက်(Documents) တွေကို မိမိဆီ မှာ ရှိဖို့ လိုအပ်ပါတယ်။ 4. Non B အလုပ်ရှာဖို့ နည်းလမ်းများ?? • Job agency တွေကတစ်ဆင့်ရှာတာ • Facebook Groups / Telegram Channels • Website များ (JobThai, JobsDB, Glassdoor Thailand) စတဲ့နေရာတွေကနေ ရှာလို့ရပါတယ် 5. နိုင်ငံခြားသားတွေကို Non B ပေးပြီး အလုပ်ခန့် မယ်ဆို company တွေက ဘာတွေ ရှိဖို့လိုလဲ? ထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုဟာ နိုင်ငံခြားသား (ဥပမာ - မြန်မာနိုင်ငံသား) ကို Non-B Visa နဲ့တရားဝင်အလုပ်ခန့်ချင်တယ်ဆိုရင်၊ အောက်ပါအချက်တွေလိုအပ်ပါတယ်။ (1.) ထိုင်းလူမျိုးဝန်ထမ်းအရေအတွက် • နိုင်ငံခြားသား ၁ ယောက်အတွက် ထိုင်းဝန်ထမ်း ၄ ယောက် ရှိဖို့လိုတတ်တယ် • ဥပမာ - မြန်မာဝန်ထမ်း ၁ ယောက်ခန့်ဖို့ဆိုရင် ထိုင်းဝန်ထမ်း ၄ ယောက်ခန့်ထားဖို့လိုပါတယ် (2) ကုမ္ပဏီမှ အခွန်စည်းကြပ်မှုမှန်ကန်မှု • အခွန်ပေးဆောင်မှတ်တမ်း (Tax documents - ภพ.30, ภงด.1, ภงด.3, ภงด.50) • Social Security ပေးဆောင်မှုမှန်ကန်မှု (SSO – ประกันสังคม) (3) အလုပ်အတွက် သက်ဆိုင်ရာအတည်ပြုစာများ • အလုပ်အမျိုးအစားအပေါ်မူတည်ပြီး သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်၊ လိုင်စင် တစ်ချို့လိုအပ်တတ်တယ် (ဥပမာ - သင်တန်းသား/ဆရာ/IT/Engineer) (4) အလုပ်ခန့်မယ့်နေရာမှာ သင့်တော်သောရုံးခန်း (Business Premises) • ရုံးခန်း/လုပ်ငန်းတည်နေရာမှန်ကန်ရမယ် (Virtual office မဖြစ်ရပါ) (6) Invitation Letter & Contract • နိုင်ငံခြားသားအတွက်အလုပ်အပ်ချင်တဲ့ စာတမ်း (Job Offer Letter / Invitation Letter) • လုပ်ငန်းသဘောတူညီချက် (Employment Contract) စတာတွေ လိုအပ်ပါတယ်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး တခြားလိုအပ်ချက်များလဲ ရှိနိုင်ပါတယ် လက်ရှိထိုင်းနိုင်ငံအလုပ်ဈေးကွက်အခြေအနေ အရ 🔸 ထိုင်းနိုင်ငံမှာ ဘွဲ့ရသူတွေလည်း များပြားလာပြီ 🔸 မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား တခြားနိုင်ငံတွေကလည်း အလုပ်အတွက်ဝင်လာတဲ့အတွက်အလုပ်ရနိုင်သူပမာဏနဲ့ လျှောက်လွှာတင်သူအရေအတွက်ဟာ ထပ်တူကျနေပါတယ် 🔸 white collar jobပိုင်းတွေမှာလဲ ထိုင်းနိုင်ငံသားတွေကိုပဲ ခန့်တာ ပိုများပါတယ် (နိုင်ငံခြားသားခန့်တာထက် ပိုပြီးအခွန်ကင်းလွတ်တဲ့အတွက်ဖြစ်ပါတယ်)ဒါကတော့ဖြစ်သင့်ပါတယ် 🛂 နောက်ထပ် နိုင်ငံခြားသားတွေအတွက် အခက်အခဲများ ❌ Work permit ရဖို့ Company တစ်ခုအနေနဲ့ အပေါ်က အချက်များအပြည့်အဝပြည့်မေပးနိုင်တာ ❌ Visa + Work permit လုပ်ခြင်းအတွက်ကုမ္ပဏီရဲ့အသုံးစရိတ်တွေ ပိုသုံးရတာ ❌ Government policy အရ ရုံးလုပ်ငန်းအချို့မှာ “သူတို့နိုင်ငံသား” မဟုတ်လျှင် မခန့်တာများလာပြီဖြစ်ပါတယ် ✔️ IT, Tech, Restaurant, Skilled Labor လုပ်ငန်းအချို့မှာသာ နိုင်ငံခြားသားများကို မဖြစ်မနေခန့်တာဖြစ်ပါတယ် ✔️ White Collar job နဲ့အတူ Non B ရဖို့ အလုပ်ရှာမယ်ဆိုရင် တကယ်ကောင်းတဲ့ အတွေ့အကြုံ + အထူးပညာရပ် တစ်ခုရှိဖို့လိုလာပြီဖြစ်ပါတယ် 💬 Personally အကြံပြုချက် 🔹 Non Bရဖို့ အခက်အခဲရှိတယ်ဆိုတာလက်ခံဖို့လိုပါတယ် 🔹 White collar sector ထက် အခြား sector (Tech, Skilled, Hospitality) ဘက်ကို ပြောင်းလျှောက်တာမျိုးစဉ်းစားဖို့လိုပါတယ် 🔹 ကိုယ်ကနိုင်ငံခြားသားအနေနဲ့ လျှောက်တာဖြစ်လို့ ထူးချွန်တဲ့ ပညာရပ်နဲ့ တာဝန်ယူနိုင်မှုရှိတဲ့ အရည်ချင်းတွေ ရှိမှသာ ရဖို့လွယ်ကူမှာဖြစ်ပါတယ်။ ✍️ဒါ့ကြောင့် မလိုအပ်တော့တဲ့နေရာကိုအာရုံစိုက်နေခြင်းထက်၊ လိုအပ်တဲ့နေရာကိုဝင်ရောက်နိုင်ဖို့ ပညာ/လေ့လာမှု တိုးဖို့ ကြိုးစားကြရအောင်။ Sharing is Caring _ Session 1 IvyIris #jobinbangkok #ivy_iris #SharingisCaring