[{"data":1,"prerenderedAt":236},["ShallowReactive",2],{"posts":3},[4,32,45,55,65,75,85,101,118,132,142,151,161,171,181,191,201,211,221],{"id":5,"title":6,"slug":7,"status":8,"tags":9,"featuredImageUrl":21,"galleryImageUrls":22,"publishedAt":29,"content":31},"dvlToAZa0Ta8C3KNvONF","2026 January Job Package – Information Sharing","2026_New_Packages","published",[10,11,12,13,14,15,16,10,11,12,17,18,19,20],"#jobinbangkok","#ivy_iris","#sharingiscaring","#vippass","#bangkok","#myanmar","#myanmarfood","#visaservices","#airportvip","#yangonairport","#tcl","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507331289_2026_New_Job_Packages.png",[21,23,24,25,26,27,28],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507349901_Package_1.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507349887_Package_2.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507395238_Package_3.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507401388_Package_4.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507405617_Package_5.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2026-january-job-package-information-sharing\u002F1766507438128_#_Responsibilities.png",{"_seconds":30},1766507462,"✨ 2026 January Job Package – Information Sharing \n\nအလုပ်လျှောက်ချင်ပေမယ့်\n\n❓ ဘယ်ကစရမလဲ မသိဘူး\n\n❓ စာရွက်စာတမ်း ဘာတွေလိုလဲ\n\n❓ လုပ်ငန်းစဉ် ဘယ်လိုသွားမလဲ ဆိုတဲ့သူတွေ အတွက် \n\n2026 New Package လာပါပြီရှင့်✨\n\n🔹 Package အချက်အလက်များကို သေချာဖတ်ပေးပါ \n🔹 သင်တန်း မအပ်ခင် လျှောက်ထားရာမှာ သိထားသင့်တဲ့ အချက်များ\n🔹 Timeline & Process Guide များကို commentတွင် ကြည့်နိုင်ပါတယ်ခ🙏🏻\n\n📩 စိတ်ဝင်စားပါက “INFO” လို comment ရေးထားပေးပါ\nသိုမဟုတ် Messenger \u002F Line ကနေ တိုက်ရိုက်\nမေးမြန်းနိုင်ပါတယ်။\n\n🇹🇭 by IVY_IRIS\n\nWebsite Link _ https:\u002F\u002Fivyiris-thailand.web.app\u002F\n\nTelegram Channel _ https:\u002F\u002Ft.me\u002F+lq8tIw7llUsyZGNl\n\nThaiPh.No_ 0634201575",{"id":33,"title":34,"slug":35,"status":8,"tags":36,"featuredImageUrl":40,"galleryImageUrls":41,"publishedAt":42,"content":44},"qQQ8dEMmXArCuROXagTN","ထိုင်းကိုလာမဲ့  ကောင်မလေးတွေ အတွက် motivation ပါ💗🎀","sharing-is-caring-14",[37,38,39],"jobinbangkok","ivy_iris","sharingiscaring","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fmotivation\u002F1757828461178_image.png",[40],{"_seconds":43},1757828519,"ထိုင်းကိုလာမဲ့  ကောင်မလေးတွေ အတွက် motivation ပါ💗🎀\n✨ ငွေစုဖို့ ➝ အလှအပကို ချစ်ဖို့ ✨\nကောင်မလေးတိုင်းရဲ့ စိတ်ထဲမှာ Dior, YSL, Chanel လို brand cosmetic တွေကို သဘောကျ ကြပါတယ်💄\nဒီနိုင်ငံမှာ brand cosmetic တွေ ဝယ်ဖိူ့ ဆိုရင် ငွေစုဖိူ့လိုလား? \nအဖြေကတော့ နိုးပါ❌\nဘာကြောင့်လဲဆိုတော့\nထိုင်းနိုင်ငံမှာ အခြေခံလစာ 15,000 ဘတ် ရရုံနဲ့ \nလတိုင်း ကိုယ်စိတ်ကြိုက် cosmetic တစ်ခုကို ကောင်းကောင်းဝယ်နိုင်ပါတယ် 🎀\nကောင်မလေးတွေ အနေနဲ့  အလုပ်တခုရှိတယ်ဆိုရင် 🌟လှပစွာ နေနိုင် သလို \nအစားအသောက်ပိုင်းမှာလဲ  အသားရေ \u002F bodyပိုင်းနဲ့ ပတ်သတ်ပြီး လိူအပ်တဲ့ အာဟာရ ပြည့်မှီအောင် ရွေးချယ်စားသောက်နေထိုင်နိုင်ပါတယ်။ \n🌟လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားမယ်\n🌟personal timeမှာ ကိုယ် ဝါသနာပါတဲ့ဟာ လုပ်မယ်\n🌟ကိုယ့်ရဲ့ ဝင်ငွေကို ဘဝအတွက် Targetထားပြီးစုမယ်\n🌟ကိုယ့်ကျန်းမာရေးအတွက်အကျိုးရှိမယ့်လေ့ကျင့်ခန်းတွေလုပ်မယ်။\nထိုင်းနိုင်ငံမှာဆိုရင် ကိုယ်နေတဲ့ apartment\u002F condo တွေမှာ gym ရှိသလို အများပြည်သူလမ်းလျှောက်လို့ရတယ့်ပန်းခြံတွေအများကြီးပဲရှိပါတယ်။ \n🌟လစာထုတ်တိုင်းမှာ မိမိစိတ်ကြိုက် brand တွေဝယ်ပြီး ကိုယ့်ဘာသာ ဆုချနိုင်မယ်။ \n🌟အဝတ်အစားဆိုရင်လဲ ဘတ် ရာဂဏန်း ကနေ စပြီးလှလှပပ ဝတ်လိူ့ရသလိူ ကြိုက်တဲ့ အချိန် shopping ထွက် မရှိတဲ့ ပစ္စည်းဆိုတာရှားတယ်၊ \n🌟ပိတ်ရက်တွေ ခရီးထွက်ချင်ရင်လဲ ဘတ် ၂၀၀၀ဆို နေရာတစ်ခုကို ကောင်းကောင်းသွားပြီး relax လို့ရသေးတယ်\nတစ်လချင်းစီ ပြောင်းလဲ တိုးတက်လာတဲ့ ကိုယ့်အနာဂတ် အတွက် ကျေနပ်ပြီး တော့ လှပမှုနဲ့အတူကိုယ့်ရဲ့ confident ကို ပိုပြီး တက်စေပါတယ်\nစိတ်ရော လူရော လှပနေခြင်းဟာ ကိုယ့် ခံစားချက်အတွက်သာမက ကိုယ့်ဘေးနားက လူတွေကိုလည်း အပျော် ကူးစက်စေပါတယ် ။\nဒီနိုင်ငံမှာဆိုရင် အလုပ် တစ်ခုရှိတဲ့ ကောင်မလေးတိုင်းမှာ လှပနေရမယ့် အခွင့်အရေး အပြည့်ရပါတယ်👑✨\nထိုင်းကိုကျောင်းတက်ဖို့ပဲ ဖြစ်ဖြစ် အလုပ်နဲ့ပဲ ဖြစ်ဖြစ်လာဖို့ အတွက် သိချင်တာ တိုင်ပင်ချင်တာ ရှိရင် အားမနာပဲ လာမေးနိုင်ပါတယ်ရှင့်💗🎀\nSharing is caring _ 14\n#jobinbangkok #ivy_iris #SharingisCaring#visaservices #AirportVIP #yangonairport #TCL #girls #motivation #beauty",{"id":46,"title":47,"slug":48,"status":8,"tags":49,"featuredImageUrl":50,"galleryImageUrls":51,"publishedAt":52,"content":54},"VdkXWGU26ZWBIszagaxU","Sharing is Caring Session - 13","sharing-is-caring-session-13",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fsharing-is-caring-session-13\u002F1757828319125_image.png",[50],{"_seconds":53},1757828355,"ဒီနိုင်ငံရဲ့ အထက်တန်းကျောင်းသားလေးတွေ Life မှာ ဆိုရင် ကျောင်းစာတွေကိုပဲ လုပ်ရတာမျိုးမဟုတ်ပဲ\niPad လေးတွေ ကိုယ်စီ ပေါ့ပေါ့ပါးပါးနဲ့  ဝါသနာပါတာလေးတွေကို သူတိူ့ရဲ့ DailyLife မှာ လုပ်ခွင့်ရကြတယ်\nကျောင်းတွေရဲ့နောက်ပိုင်းရည်ရွယ်ချက်ကလဲ community Building အတွက်ပဲ အဓိကထားလာကြတယ်။ \nကလေးတွေဆိုပြီး ကိုယ်တွေဆီမှာလို မိဘက အစစအရာရာလိုက်ပြော လိုက်လုပ်နေကြတာမျိုး အများအားဖြင့် မတွေ့ရဘူး။ သူတို့ကိုယ်တိုင်ကလဲ အရွယ်ရောက်ပြီး ရင့်ကျက်သူလေးတွေလို အရာရာလုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲရှိကြတယ်။ \nMRT ပေါ်၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက် စတဲ့ public နေရာတွေမှာလဲ ပရမ်းပတာနဲ့ တစ်ဖက်လူအနှောက်ယှက်ဖြစ်တာမျိုးတွေကိုမလုပ်ကြဘူး ။ သူတို့လုပ်စရာရှိတာလေးတွေပဲ Focus ထားပြီး လုပ်ကြတယ် \nမူလတန်း၊ အထက်တန်းမှာတည်းက အဲ့လို လွတ်”လပ်” ကိုယ်ဝါသနာပါတာကို လုပ်ခွင့်ရကြတော့ တိုးတက်ကြတယ် ။ \nလွန်ခဲ့တဲ့ ရက်က working space မှာ uni က ထိုင်းသူငယ်ချင်း တစ်\nယောက် က Eng Version နဲ့ထုတ်ထားတဲ့ စာအုပ်ကနေ notes တွေလုပ်နေတာ တွေ့လို့ သွားစပ်စုလိုက်တာ။ သူပြတဲ့ စာအုပ်ရှာကြည့်တော့ review လဲတော်တော်ကောင်းတယ်။ ဒါမဲ့ ကိုယ်က သရဲအကြောင်းတွေ ကျဖတ်ရမှာ ပျင်းတယ် ပြောတော့ ထိုင်းလိုနားလည်ရင် ဒီမှာ ကြည့်ဆိုပြီး TikTok Acc linkလေး shareပေးတာ ။ ဝင်ကြည့်မိတော့မှ သူဖြစ်နေတာ ။ မျက်နှာမပါပဲ စာအုပ်နဲ့ အခန်းလှလှလေးကို focus လုပ်ပြီး storytelling ပုံစံမျိုးလေး လုပ်ထားတာ။ \nTTမှာ YouTube Linkပါပေးထားတော့ ဝင်ကြည့်မှ omg ဖြစ်လိုက်ရ ။ တက္ကသိုလ်အတူတူ တက်နေတာဆိုပင်မဲ့ သူတို့က ၁၇\u002F၁၈ ဝန်းကျင်လေနော်(ကိုယ်တွေကသာ ဒီမှာ အစက ပြန်စနေရတာ)\nကိုယ်ဆို စစချင်း သူလို့ မထင်ထားဘူး uniမှာဆို lowkeyလေးပဲနေတာ အမြဲ iPadတခုနဲ့အလုပ်ရှုပ်နေတာတော့ သိတယ်။ ဒါမဲ့ အသက် ၁၈ဝန်းကျင် နဲ့ ဒီလို social lifeမှာ အောင်မြင်ဖို့ဆိုတာ လွန်ခဲ့တဲ့ နှစ်အပိုင်းခြားတည်းက သေချာ ပျိုးထောင်ခဲ့လို့\nငယ်ရွယ်တုန်းမှာ ရတဲ့ ဉာဏ်ရည်မျိုးနဲ့energy တွေ က ကိုယ်တွေလိူ အသက် ၂၅မှာရှိနေတာနဲ့ မတူတော့ဘူးလေနော်။ \nအခုနောက်ပိုင်း တက္ကသိုလ် ကို ဘွဲ့ရဖို့ တစ်ခုလောက်ပဲ တက်ပြီး ကျန်တဲ့အပိုင်းတွေမှာ social media\u002F marketing skill ကို အသုံးချပြီး ကိုယ်ဝါသနာပါရာ လမ်းကြောင်းတွေကပဲ ဝင်ငွေရှာကြတော့တာ တကယ်အားကျရတယ်။ (ထိပ်တန်းတက္ကသိုလ်တွေမှာတက်နိုင်ဖို့ ကြိုးစားတဲ့ လူငယ်တစ်စုကလဲရှိပါတယ်။\n ဒါမဲ့အများစုကတော့ ပျော်ပျော်ပါးပါးနဲ့ ဝါသနာပါရာလမ်းကြောင်းတွေကနေပဲ ဝင်ငွေရှာဖို့ ကြိုးစားတည်ဆောက်နေကြပြီ)\nချင်းမိုင်မှာဆို မိဘတွေလဲဝင်ငွေလမ်းကြောင်းတခုရှိရင် အေးဆေး ရပ်တည်လို့ရသလို ကလေးတွေအတွက်လဲ အများကြီး future lifestyle တွေပြောင်းလဲသွားကြမှာ ဆိုပြီး အခုဆိုရင် အထက်တန်းတည်းက ဒီဖက်မှာ ကျောင်းလာထားကြတဲ့ ကိုယ်တွေဆီက မိဘတွေများလာပြီ ။ \nနိုင်ငံချင်းတူပင်မဲ့ ရပိုင်ခွင့်တွေ မတူ ၊ ပညာရေးစနစ်တွေ မတူ ၊ ဝင်ငွေလမ်းကြောင်းတွေ မတူတော့ အများကြီးကွာခြားကုန်ပြီ \nဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက ကလေးတွေရဲ့ မိဘတွေလဲ ကျောင်းစာတစ်ခုတည်းကိုပဲ Focus ထားတာ မဟုတ်ပဲ တခြား ဘာသာစကားတွေ ၊ Knowledge skill ၊ technologi skill ၊ community building ၊ သူတို့ဝါသနာပါတဲ့ လမ်းကြောင်း စတာတွေကို တွဲဖက်ပြီး Trainပေးသင့်ပါပြီနော်🌟\nဒီဖက်မှာတော့ university life ကနေ business ပိုင်းဝင်တဲ့အထိ အခက်ခဲမရှိပဲ ဝါသနာပါရာလုပ်ပြီး ဝင်ငွေတစ်ခုနဲ့ ကိုယ်ပိုင် အချိန် အပြည့်အဝ ရလို့ ဒီရောက်တာတောင် နောက်ကျသားပဲ တွေးမိနေတော့တာ…\nSharing is Caring Session _ 13\n#ထိုင်းနိုင်ငံ #jobopportunity2025 #jobinbangkok #ivy_iris #sharingiscaring #ShareThisPost  #sharing #sharingiscaringandloving",{"id":56,"title":57,"slug":58,"status":8,"tags":59,"featuredImageUrl":60,"galleryImageUrls":61,"publishedAt":62,"content":64},"2eQZGPaU3zA08HrhIgWz","Culture မတူသော ယဉ်ကျေးမှု များကြား humble ဖြစ်အောင်နေထိုင်ပါ🎀","culture-humble",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Funtitled\u002F1757828100187_image.png",[60],{"_seconds":63},1757828132,"Culture မတူသော ယဉ်ကျေးမှု များကြား humble ဖြစ်အောင်နေထိုင်ပါ🎀\nHumble ဖြစ်ခြင်းက မိမိ Role ကို နိမ့်ကျသွားခြင်း မဟုတ်ပါ ✅\nထိုင်းမှရောက်နေပြီးတော့ ဒီလို အပြုမူလေးတွေကအစ အားလုံး သတိထား တတ်စေဖို့ ဒီနေ့မှာပြောပြပေးချင်ပါတယ်။\nကိုယ်က  လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ အပြင်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သက်ကြီးသူတွေနဲ့ပဲဖြစ်စေ ၊ အရွယ်တူ သူတွေနဲ့ပဲဖြစ်စေ ၊ အင်တာဗျူး တွေမှာ ဖြစ်စေ လက်အုပ်ချီပြီးတော့နှုတ်ဆက်တက်တဲ့အကျင့်ကိုအရင်ဆုံးမမေ့ မလျော့ဘဲနဲ့လုပ်စေချင်ပါတယ်🙏🏻\nကိုယ်ကိုယ်တိုင်ကလက်အုပ်ချီပြီးတော့ စတင်\nနှုတ်ဆက်တာက တစ်ဖက်သူကို respect ပေးခြင်း၊ \nအခေါ်ဝေါ်သုံးနှုန်းလေးတွေကို ညင်သာစွာသုံးခြင်း၊ စတာတွေက ကိုယ့်ရဲ့ Role ကိုနိမ့်ကျသွားစေတာမျိုးလုံးဝမဟုတ်ပါဘူးနော်။ \nရှိနေတဲ့ ကိုယ့်ရဲ့ အဆင့်တန်းကို ပိုပြီးတော့ မြင့်တက်သွားစေတာမျိုးပါ✅💗\nမြန်မာအယူအဆမှာကလက်အုပ်ချီခြင်းသည်အရမ်းကြီးမြတ် တယ်လို့ခံယူထားပေမယ့်\nထိုင်းနိုင်ငံမှာတော့ဒီဟာကသာမန်ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။\nဆိုတော့ Ivy တို့ အနေနဲ့အများကြီးစဉ်းစားတွေဝေနေစရာ မျိုးမလိုဘဲနဲ့ကိုယ့် ရဲ့humble ဖြစ်မှုလေးကိုဒီအရာလေးကနေပြီးတော့ စတင် ပြလို့ရပါတယ်။\nဒါကတော့ ဒီနေ့မှာ company မှာ အင်တာဗျူး ဖြေတဲ့ မောင်လေး တစ်ယောက်က နိုင်ငံခြား သူဌေးရှေ့မှာလက်အုပ်ချီပြီး နှုတ်ဆက်တာလေးကို သူဌေးက သဘောတွေကျပြီး ပြန်ပြောပြရင်း အားလုံး အတွက်လဲ သတိရလို့ ရေးပေးလိုက်ပါတယ်…\nဒါက companyပဲရှိပါသေးတယ်နော် ဟိုတယ်ပိုင်းမှာလုပ်တဲ့သူတွေဆို လက်အမူရာ နှုတ်အမူရာ တွေကို အခုထက်ပိုပြီး ယဉ်ကျေးသိမ်မွေ့စွာ နေရပါသေးတယ်💗\nအခု website ရဲ့ တစ်မျက်နှာတည်းမှာပဲ Title တွေ တပ်ပေးထားတာမို့ ကိုယ်သိချင်တာကို click နှိပ်တာနဲ့ အသေးစိတ် ဖတ်လို့ရပြီ ဖြစ်ပါတယ်🌟🫵🏻\nWebsite Link _ https:\u002F\u002Fivyiris-thailand.web.app\u002F\n#jobinbangkok #ivy_iris #SharingisCaring#visaservices  #humble #humblebeginnings #humblebeginningsbigdreams",{"id":66,"title":67,"slug":68,"status":8,"tags":69,"featuredImageUrl":70,"galleryImageUrls":71,"publishedAt":72,"content":74},"pgG8LJCKnBZslHUjD8Pf","လုပ်ငန်းခွင်မှာ မြန်မာ community ရှိတိုင်း အဆင်ပြေတာ မဟုတ်ပါ…","Sharing-is-Caring-Session-12",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Funtitled\u002F1757827771986_image.png",[70],{"_seconds":73},1757828084,"လုပ်ငန်းခွင်မှာ မြန်မာ community ရှိတိုင်း အဆင်ပြေတာ မဟုတ်ပါ…\nဒီနေ့ မှာတော့ clients တွေ ဆီက အကြားရဆုံး ဖြစ်တဲ့ လုပ်ငန်းခွင်မှာ မြန်မာ ရှိလား ? \n📍ရှိတယ်ဆိုရင် တစ်ချို့က ပျော်ကြတယ် \nဘယ်သူမှ အကျယ်တဝံ့မပြောကြတဲ့ နောက်ဆက်တွဲ ဖြစ်တတ်တာကို ပြောပြပါမယ်\n၂၀၂၁ အရှေ့ပိုင်း ထိုင်းကိုရောက်လာတဲ့ လူတစ်စုမှာ တချို့က ထိုင်းစကားကို အခုချိန်မှာ လုံးဝ ပြောဆိုနေနိုင်ပြီ ဖြစ်ပါတယ်။\nသူတို့ ရဲ့ အားနည်းချက်က Eng စာညံ့တာပါ။ သူတို့ ကိုယ်တိုင်လဲ အဲ့ဒါကို သိပါတယ် ဒါမဲ့ ကိုယ်တွေ ရောက်နေတဲ့ နိုင်ငံကလဲ Eng လို ထက် သူတို့ဘာသာ စကားပဲ သုံးကြတော့ သူတို့ အတွက်က နေရတာချောင်လည်နေကြသည်ပေါ့နော်။ \nအများအားဖြင့်တော့ Blue Collar တွေများပါတယ်( အဲ့ဒီအချိန်တုန်းက ကိုယ်တွေဆီက အတတ်ပညာရှင်တွေကလဲ တခြားနိုင်ငံတွေပဲ ထွက်ကြတာလေနော်)\nဆိုတော့ အခုချ်ိန်မှာဆိုရင် အဲ့ဒီလူတစ်စုကလုပ်ငန်းခွင် နေရာတော်တော်များများမှာ စီနီယာဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ရှိနေကြပါတယ်ပေါ့။ \nEng လိုမရ \u002F skills ဆိုတာကလဲ အခုနောက်တက်လာတဲ့ ကလေးတွေလောက် အဖြစ် မရှိ \u002F Qualifications မပြည့်မမှီနဲ့ နေရာ ရထားတော့ နောက်လူတွေကို တွဲခေါ်ဖို့ ဆိုတာ အဝေးကြီး ။ သူတို့ဘာသာ သိမ်ငယ်နေကြရင်းနေရာပျောက်မှာကြောက်တော့ လုပ်ငန်းခွင်မှာဆိုလဲ လူသစ် ဝင်ပြီဆို ထိုင်းတွေထက် သူတို့က ပညာပိုပြရတာနဲ့  ထိုင်းစကားရတော့ ကြားကနေ အတို့အထောင် လုပ်ရတာနဲ့ ….ပြောရရင်အများကြီးပါ\nစစချင်း ကိုယ့်ကို ကောင်း”မွန်”လေး ဆက်ဆံ ကိုယ်ကလဲ လုပ်ငန်းခွင်မှာ စကားတွေယုံပြီး ပြောမိ သူဌေးတွေ လုပ်ဖော်ကိုင်ဖက်တွေကြား သူက နဲနဲကိုများများပြန်ပြော နောက်ကျောက 🔪နဲ့ ပြန် htoe တာတွေလဲရှိပါသေးတယ်။ \nအောက်က အပိုဒ်လေးက ဆရာတစ်ယောက်ရေးထားတာ သဘောကျလို့ crd ပေးပါတယ်။ \n“လုပ်ဖော်ကိုင်ဖက်ဆိုတာ သူငယ်ချင်းမဟုတ်ပါဘူး ။\nသူငယ်ချင်းကို စိတ်ထဲရှိတဲ့ မကျေနပ်ချက်တွေ အကုန်ပြောသလို လုပ်ဖော်ကိုင်ဖက်ကိုလည်း အဲ့လိုသွားပြောလိုက်လို့ မရပါဘူး ။\nဘယ်လောက်ပဲ အဲ့လူနဲ့ ကီးကိုက်တယ် ၊ အမြင်တွေ တူတယ်လို့ပဲ ပြောပြော ကိုယ့်အထဲမှာပဲ ထားသင့်ပြီး ထုတ်မပြောသင့်တဲ့ စကားတွေဆိုတာ ရှိပါတယ် ။\nအဲ့လိုစကားတွေ ပြောမိလိုက်ရင်  တစ်ချိန်ချိန်ကျ အသုံးချခံရနိုင်ပါတယ် ။\nသူငယ်ချင်းဆိုရင်တောင် အပြည့်အဝယုံလို့မရနိုင်တာ လုပ်ဖော်ကိုင်ဖက်ဆိုရင်တော့ ပိုပြီး ယုံလို့မရပါဘူး ✅” \nဆက်ပြောရရင် ထိုင်းတွေကလဲ English လို communication လုပ်ရမှာဆို ပျင်းကြတော့ ထိုင်းစကားရတဲ့ သူနဲ့ပဲ ပြောကြတာများတယ် ဆိုတော့ကိုယ်တွေက လုပ်ငန်းခွင် အစမှာဆို အရမ်း သတိထားရပါတယ်။  ပန်းကန်ဆေးတဲ့နေရာက သူက chef ကိုတောင် ချွန်တွန်း လုပ်လို့ အသိ အကိုတစ်ယောက် အလုပ်ထုတ်ခံလိုက်ရတာတောင် ရှိပါတယ်။ \nသိူ့သော် သူတိူ့လို စိတ်ထား ကိုယ့်မှာ မရှိဖို့ ဂရုစိုက်ပါ ။ ၂၀၂၁ နောက်ပိုင်း ရောက်လာသူတွေဟာ အရာရာ မနိမ့်ကျတဲ့သူမျိုးတွေများပါတယ်။ ပညာရေးပိုင်းဆိုင်ရာကနေ စိတ်ပိုင်းဆိုင်ရာအထိ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေကနေ ထွက်လာကြတဲ့သူ များတော့ အခုနောက်ပိုင်းဆိုရင်တော့ အရင်ထက် အစစအရာရာ ပိုကောင်းလာတယ်လို့ခံစားရပါတယ်။ \nလူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်တတ်တာကြောင့်\nအခုနောက်ပိုင်း ပညာရှင် အနေနဲ့ ဖြစ်စေ ရရာအလုပ် လူပ်မယ်ဆိုပြီး တွေးထားသည်ဖြစ်စေ လိူအပ်တဲ့ skills တွေအပြင် ဒီနိုင်ငံမှာနေမယ် ရည်ရွယ်ထားရင် ထိုင်းစာ\u002F စကားကို မဖြစ်မနေ သင်ယူပါ။ ကိုယ့်အတွက် အကျိုးမယုတ်တဲ့အပြင် ဒီလို လူတွေရန်ကလဲ ကင်းဝေးမှာ ဖြစ်ပါတယ်✅\nကိုယ့် လူမျိုးအခံရှိတိုင်း ကောင်းတာမဟုတ်ပဲ အဲ့လို Toxic ဆန်တဲ့ လူတွေမရှိတဲ့ နိုင်ငံသားတွေကြားမှာလုပ်ရရင်လဲ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ သိစေချင်ရုံပါ….\nSharing is Caring Session _ 12\n#ထိုင်းနိုင်ငံ #jobopportunity2025 #jobinbangkok #ivy_iris #sharingiscaring #ShareThisPost",{"id":76,"title":77,"slug":78,"status":8,"tags":79,"featuredImageUrl":80,"galleryImageUrls":81,"publishedAt":82,"content":84},"6V23rOPLarGQQgeYtpyI","အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက်","cv-form",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fcv-form\u002F1757827655719_image.png",[80],{"_seconds":83},1757827731,"အင်တာဗျူး အောင်မြင်ဖို့ – CV Form ကစလိုက် 🌟\n၁။ Your First Impression\n· ကုမ္ပဏီ\u002Fအဖွဲ့အစည်းက သင့်ကို မတွေ့ရသေးခင်မှာ သင့်ရဲ့ CV ကို အရင်မြင်ကြပါတယ်။\n· CV ကောင်းတစ်စောင်ဟာ သင့်ရဲ့ professional ပုံရိပ်ကို တည်ဆောက်ပေးပြီး လုပ်ငန်းရှင် တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရစေမှာပါ။ \n၂။ Your Ticket to an Interview\n· အလုပ်ရှင်တွေ၊ HR Manager တွေဟာ အလုပ်လျှောက်လွှာ အများကြီးထဲကနေ CV တွေကိုကြည့်ပြီး ဘယ်သူ့ကို interview အဆင့်ခေါ်မလဲဆိုတာ ဆုံးဖြတ်တာမို့\n· CV မှာ သင့်ရဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေကို ထင်ဟပ်စေမယ့် Keyword တွေ ပါဝင်မှုက အရေးကြီးပါတယ်။ ဒါမှသာ Applicant Tracking System (ATS) လို့ခေါ်တဲ့ CV စစ်ဆေးတဲ့ software တွေကနေ စစ်ထုတ်ရင်တောင် ကိုယ်မကျန်ခဲ့မှာ ဖြစ်ပါတယ်။\n၃။ A Tool to Showcase Your Strengths\n· CV ဟာ ပညာရေး၊ အလုပ်အတွေ့အကြုံ၊ စွမ်းရည်တွေ၊ အောင်မြင်မှုတွေကို စနစ်တကျ စုစည်းပြသထားတဲ့ စာရွက်စာတမ်းတစ်ခု ထက်ပိုအောင် ကိုယ် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ကိန်းဂဏန်းတွေ၊ ရလဒ်တွေနဲ့ သက်သေပြနိုင်ရင် ပိုပြီးထိရောက်ပါတယ်။\nYour Personal Branding နဲ့ ကောင်းမွန်တဲ့ CV တစ်စောင်ရဲ့ အခြေခံအချက်များ\n1. ရှင်းလင်းပြေပြစ်မှု နှင့် စနစ်ကျမှု (Clarity and Structure) - ဖတ်ရလွယ်ကူပြီး အချက်အလက်တွေ အစီအစဥ်ကျဖို့ အရေးကြီးပါတယ်။\n2. အဓိက အောင်မြင်မှုများ (Key Achievements) - ဘာအောင်မြင်မှုတွေရခဲ့တယ်ဆိုတာကို ဦးစားပေးဖော်ပြပါ။\n3. Keyword များ - Job Description မှာပါတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ စွမ်းရည်နဲ့ အတွေ့အကြုံတွေကို ထည့်သွင်းပါ။\n4. အမှားကင်းစင်မှု (Error-Free) - စာလုံးပေါင်း အထားအသိုအမှားယွင်းမရှိအောင် ဂရုစိုက်ပါ။\n5. သင့်တော်သော အရှည် - အတွေ့အကြုံအလယ်အလတ်ရှိသူတစ်ယောက်အတွက် စာမျက်နှာ ၂ မျက်နှာထက်မပိုသင့်ပါဘူး။\nဘယ်လိုတိုတိုနဲ့ ထိရောက်စွာ သင့်ရဲ့ အကောင်းဆုံး အချက်တွေကို ပြသနိုင်မလဲဆိုတာက အလွန်အရေးကြီးပါတယ်။ CV ကောင်းတစ်ခုကြောင့် အလုပ်တွေ့ခွင့်ရနိုင်သလို၊ CV ညံ့တာကြောင့်လည်း အလုပ်တွေ့ခွင့် လုံးဝမရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ \nဒါကြောင့် အချိန်ယူပြီး ဂရုတစိုက်ရေးသားပြင်ဆင်သင့်တဲ့ အရာဖြစ်ပါတယ်။\nCV form  service အတွက် သိလိူပါက _ https:\u002F\u002Fwww.facebook.com\u002Fshare\u002Fp\u002F1C2WvrtHw2\u002F?mibextid=wwXIfr\n#jobinbangkok #ivy_iris #sharingiscaring #cv #cvformat",{"id":86,"title":87,"slug":88,"status":8,"tags":89,"featuredImageUrl":90,"galleryImageUrls":91,"publishedAt":98,"content":100},"IBZdmEeu3UKMtI71goT0","2025 အတွက် 🇲🇲YGN 🇹🇭Bkk  အရောက် Airport VIP Pass အပြီးစီး service ရပါပြီရှင့်","2025-ygn-bkk-airport-vip-pass-service",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004490247_image.png",[90,92,93,94,95,96,97],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004497710_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004502126_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004521704_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004533763_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004544514_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F2025-ygn-bkk-airport-vip-pass-service\u002F1757004552445_image.png",{"_seconds":99},1757004286,"2025 အတွက် 🇲🇲YGN 🇹🇭Bkk  အရောက် Airport VIP Pass အပြီးစီး service ရပါပြီရှင့်\n\n📌ငွေကြိုချေစရာမလိုပါ\n\n 📌ရန်ကုန်လေဆိပ်ကနေစပြီး Bangkok Immigration ဖြတ်ပြီးမှသာ ငွေပေးချေရမည့် 💯 %အာမခံသော Serviceဝန်ဆောင်မှုပါ။ \n\n✅Passport PV first Time မို့လို့မထွက်ရဲသူများ\n✅DTV\u002FTR visa \u002F 14ရက် visa \u002F Ed Visa \nအကုန်ရပါမည်။\n✅Return Flight Ticket မလိုပါ။ \n✅Hotel Booking မလိုပါ။ \n\n📌ရန်ကုန် လေဆိပ်မှာရော Bangkok လေဆိပ်မှာပါ စစ်ဆေးအမေးအမြန်းမရှိ တိုက်ရိုက်သွားချင်တဲ့သူများနှင့် အခြားနိုင်ငံ သွားချင်သူများ အတွက် \nရန်ကုန် Immigration(လဝက)ကျော်ပီး\nလေယာဉ်ပေါ်မှဆင်းသည်နှင့် Bangkok  Immigration Officerများကိုယ်တိုင် ရွေးထုတ်ပြီး လာရောက်ခေါ်ယူကာ အစစ်ဆေးမရှိ၊ အမေးမြန်းမရှိပဲ ဝင်နိုင်ဖို့အာမခံပါတယ်ရှင့်။ \n\nဘန်ကောက် ရောက်သည်နှင့် မိမိတည်းခိုမည့်နေရာအထိ အပြီးစီးလိုက်ပို့ပေးပါသည်။ \n\n📌📌ခရီးသည်ဖက်မှ မြန်မာ ကနေ ထိုင်း လာမည့်လေယာဉ်လက်မှတ် အသွားတစ်ကြောင်းစာသာ ဝယ်ယူဖိုလိုအပ်ပါတယ်ရှင့် ။ \n\nAdmin တို့ Pageက 2023 အကုန်တည်းက စrunခဲ့တာပါ။ ကြားမှာ page 2ခုပျက်သွားခဲ့လို့ တချို့ customer လေးတွေက အခုမှ ပြန်သိကြတာပါရှင့် 🙏🏻\n\nဒီ Pageမှာတော့ သိလိုသမျှအားမနာပဲ လာမေးနိုင်ပါတယ်🙏\n\nTelegram Channel _ https:\u002F\u002Ft.me\u002F+lq8tIw7llUsyZGNl\n\nLine Acc _ ivy_iris7\n\nViberNo_ +66634201575\n\nWhatsApp No _ ‪ +66634201575\n\nThaiPh.No_ 0634201575\n\n#jobinbangkok #ivy_iris #SharingisCaring",{"id":102,"title":103,"slug":104,"status":8,"tags":105,"featuredImageUrl":106,"galleryImageUrls":107,"publishedAt":115,"content":117},"pCGaapg5wcbjRgjHazUj","ထိုင်းနိုင်ငံမှာ 4 Years Bachelor ဘွဲ့ ကို  ကျောင်းလခ ဘတ် တစ်သောင်းဝန်းကျင် ဖြင့် တက်ရောက်နိုင်ပါပြီ ","4-years-bachelor",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004391113_image.png",[106,108,109,110,111,112,113,114],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004405417_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004413507_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004423102_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004433037_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004443058_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004437408_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002F4-years-bachelor\u002F1757004449899_image.png",{"_seconds":116},1757004235,"ထိုင်းနိုင်ငံမှာ 4 Years Bachelor ဘွဲ့ ကို  ကျောင်းလခ ဘတ် တစ်သောင်းဝန်းကျင် ဖြင့် တက်ရောက်နိုင်ပါပြီ 🇹🇭🇲🇲\n\nဒါအပြင် ED Visa တွေထဲကမှ အမြင့်ဆုံး ဖြစ်တဲ့ Ed Plus Visa ကိုပါ ရရှိမှာဖြစ်ပါတယ်💯💯\n\nထိုင်းမှာနေပြီး ကျောင်းတက်ချင်တယ်\n\nBudgets လဲအများကြီးမသုံးချင်ဘူး\n\n၄နှစ်တက်ပြီး Bachelor လဲလိုချင်တယ်\n\nကျောင်းတက်ရတဲ့၄နှစ်မှာလဲ Visa စိတ်ချချင်တယ်\n\nနိုင်ငံပြင် ထွက် ချင်တာတွေ အတွက်လဲ အစစ်ဆေးမရှိ\u002F re entry permit မလိုသော ED Plus Visa  လိုချင်တယ်\n\nRemote Jobနဲ့မို့ Sat\u002FSunပဲကျောင်းတက်နိုင်တယ်\n\nNon LA visaနဲ့ပဲ ကျောင်းတက်ချင်တယ်\n\nဒါတွေ အကုန်လုံး အဆင်ပြေမဲ့ ကျောင်းကို အပ်ပေးပါတယ်\n\nED Plus Visa  \n\n📌📌ကျောင်းပြီးတဲ့အထိ Ed Plus Visa ရပါမယ်။ \n\n Memora By Ivy Iris  Page ရဲ့ ကျောင်းအပ်ပေးထားသမျှ CRU Gp လေးတွေပါ 🎀🙆🏼‍♀️\n\nကျောင်းက ၄နှစ်တက်ရပါမယ် မေဂျာကတော့ E major \u002F Thai Language\u002FBusiness Management အဓိက ယူလို့ရပါတယ် ။\n\nDistance ဆိုရင်\nတပတ်ကို ၂ရက်(sat\u002Fsun) တက်ရပါတယ်။ \n\nအတန်းခေါ်ချိန်အပြည့်ရှိဖို့တော့ roll call ခေါ်တဲ့အပတ်တွေတက်ပေးပေါ့နော်။\n\nကျောင်းမှာတော့ chinese တွေများကြတယ် ။ \nအဓိကကတော့ ကျောင်းစရိတ်ပါ အစိူးရ university ဖြစ်လို့ တော်တော် သက်သာပါတယ် \n\nbank account ဖွင့်တာ visa chgတာက အစကျောင်းကတာဝန်ရှိသူကအကုန်လုပ်ပေးပါတယ်။\n\nကျောင်းအကြောင်းအပြည့်စုံကို ယခင် Pageအဟောင်းမှ customer များကတော့ သိပြီးဖြစ်ပင်မဲ့ customer အသစ်တွေကတော့ သိလိုသမျှ အားမနာပဲ ယခု Pageမှာ မေးမြန်းနိုင်ပါတယ်ရှင့်🎀🎀\n\n📌ပိတ်ရက်တွေ ရှိတာမို့ April 20နောက်ပိုင်းမှ ကျောင်းအပ် ပြန်အပ်ပေးပါမယ်ရှင့်📌\n\nပထမ တစ်ဖြတ် ၄လအတွက် _ \n၁။ကျောင်းလခ\n၂။ ကျောင်းဝင်ခွင့်\n၃။ပညာရေးရုံးစာရွက်စာတမ်း\n၄။ed visa ပထမအကြိမ် ရတဲ့အထိ\n၅။ ဘတ်အကောင့်ဖွင့်ခြင်း\nအပြီးစီး _ ၃၅၀၀၀ဘတ်ပါပဲရှင်။\n\n📌စျေးအနည်းငယ်ပြောင်းသွားပါတယ်ရှင့်။\n ကျောင်းဖွင့်ချိန်နီးပြီမို့ document runရတာနဲနဲကြပ်လာတာကြောင့်ပါ။ \n\nဒုတိယတဖြတ် ၄လအတွက် အပါအဝင် နောက်၃ နှစ် ကျောင်းပြီးတဲ့အထိကို _ ၄လစာ တစ်ဖြတ်ကိုမှ ဘတ် ၁သောင်း၇ရာ သွင်းသွားရုံပဲမို့ university ထဲမှာ Feesအဆင်ပြေတဲ့ကျောင်းမျိုးဖြစ်ပြီး အာမခံချက်ကောင်းပါတယ်။ \n\nကျောင်းအပ်မယ်ဆို နာမည်စာရင်းပေးသွင်းပေးပါရှင့်🇹🇭🫶🏻\n\nLine Acc _ ivy_iris7\n\nViberNo_ +66634201575\n\nWhatsApp No _ ‪ +66634201575\n\nThaiPh.No_ 06 34201575\n\n#jobinbangkok #ivy_iris #SharingisCaring",{"id":119,"title":120,"slug":121,"status":8,"tags":122,"featuredImageUrl":124,"galleryImageUrls":125,"publishedAt":129,"content":131},"Sqkmro0CUJVIhusrhEv2","September 15 Special Promotion","september-15-special-promotion",[37,38,39,123],"ဘတ်ရိုက်","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fseptember-15-special-promotion\u002F1756955691069_image.png",[124,126,127,128],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fseptember-15-special-promotion\u002F1756956827603_Visa_Work_Permit_Services.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fseptember-15-special-promotion\u002F1756956837228_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fseptember-15-special-promotion\u002F1756956845843_image.png",{"_seconds":130},1756955732,"September 15 အတွက် အထူး \nပရိုမိုရှင်း 📍📍\n စိတ်တိုင်းကျ ပက်ဂေ့ချ် အပ်သူတိုင်း အတွက် ဘတ် ရိုက်အပြီးစီးကို “6 ထောင် “ ဘတ်သာ ကျသင့်ပါတော့မည်🎉🎉\nပုံမှန် စျေး 11000 ကို စိတ်တိုင်းကျ အပ်သူ clients များအတွက် promotion ပေးခြင်းဖြစ်ပါတယ် ။\nအရမ်း သက်သာပြီး One stop service အပြီးစီးဖြင့် စိတ်ချစွာ service အပ်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ရှင့်🎉🎉🌟\nဘတ်စာရင်း အတွက် အပြင် မှလာအပ်သူ customers များ နှင့် Budget Package Class အပ်သူများကတော့ ပုံမှန်စျေး 11000 B ပါပဲရှင့်🌟🌟\nLine Acc - ivy_iris7\nViberNo_ 0634201575\nWhatsApp No _ ‪0634201575\nThaiPh.No_ 0634202575\n#jobinbangkok #ivy_iris #SharingisCaring#visaservices #AirportVIP #yangonairport #TCL #sharingiscaring #jobopportunity #jobopportunity2025 #ဘတ်ရိုက်",{"id":133,"title":134,"slug":135,"status":8,"tags":136,"featuredImageUrl":137,"galleryImageUrls":138,"publishedAt":139,"content":141},"KjCp8eLMLqKUt5eZiIMz","How to get salary over $2000","how-to-get-salary-over-dollar2000",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fhow-to-get-salary-over-dollar200\u002F1756910564125_image.png",[137],{"_seconds":140},1756910576,"ဘတ် ဖွင့် တော့မယ် အချိန်နီးလာတာနဲ့ လာမေးကြတဲ့ \nဘတ် ရိုက်တာ \u002F ပန်းရောင်ကတ် ဆိုတာ ဘာလဲ ? \nဘာတွေလိုအပ်လဲ? ဘတ်ရိုက်ပြီးရင် မြန်မာပြည်ပြန်လို့ရလား ?စတာတွေနဲ့\nWork permit ကဘယ်လိုမျိုးတွေရှိတာလဲ ဆိုတာကို  ဒီ Postမှာ အပြည့်စုံ ရှင်းပြပေးပါမယ်။\nထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် Visa Type (2)မျိုးရှိပါတယ်။\n1.Non B Visa (White Collar Job)\n2.Non - LA Visa (Blue Collar Job)(ဘတ်ရိုက်တာ)\nဆိုပြီး ရှိပါတယ် ။ \nNo.1 Non B Visa အကြောင်းကိုတော့ ဒီ Post မှာ ဖတ်ပါ။\nhttps:\u002F\u002Fm.facebook.com\u002Fstory.php?story_fbid=122253553136059299&id=61551778976102\nဒီနေ့မှာတော့ Non-LA Visa အကြောင်းကို ပြောပြပေးပါမယ် 📍\nNon LA Visa ကို ဒီမှာတော့ ဘတ်ရိုက်\u002Fပန်းရောင်ကတ် ဆိုပြီး အလွယ်ပြောပါတယ် \nအရင်ကတော့ ဒီvisaကို အခြေခံအလုပ်(Blue Collar Job) တွေ ဖြစ်တဲ့ စက်ရုံအလုပ်၊ ကော်ဆန်း ၊ အိမ်အကူ ၊ စားသောက်ဆိုင် စတဲ့ အလုပ်လုပ်တဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။\nအခု အချိန်မှာတော့ နိုင်ငံအခြေအနေအရ နေရာပေါင်းစုံမှာ ဝင်ရောက်လာတဲ့ သူများတာကြောင့် အလုပ်အခြေအနေတွေ အရ နယ်ပယ် အကုန်လုံးမှာ ဘတ်ရိုက်ပြီးပဲ အလုပ်လုပ် ကြရပါတယ် ။\nဒီနေရာမှာ ကြားဖြတ် ပြောပြချင်တာက ဘတ်ရိုက်ပြီးရင် တခြားနိုင်ငံ ထွက်လို့မရတော့ဘူးလား ၊ ဘယ်လိုလုပ်ရမှာလဲ ဆိုတာပါပဲ…\nဘတ်ရိုက်တယ်ဆိုတာက အခြေခံအလုပ်သမား visaဖြစ်တာကြောင့် တချို့သောနိုင်ငံတွေကတော့ visa မ chgပဲ အဝင်လက်မခံတာမျိုးရှိတတ်ပါတယ် ။အဲ့ဒါကြောင့် ကိုယ်သွားမဲ့နိုင်ငံရဲ့Lawကိုအရင်ကြည့်ပါ။  NanLA visa ယူထားပြီး ကိုယ်သွားမဲ့နိုင်ငံက လက်မခံရင်တော့visa cancel ပြီး  တခြားနိုင်ငံတခု ကို အလည်အပတ် အထွက်ပြပြီးမှ Third country ကူးပါ။ ပုံမှန်အားဖြင့်နိုင်ငံအများစုကတော့ လက်ခံပါတယ် အခုအခြေအနေအရ မြန်မာpassport ဆိုရင် သံရုံးတွေကရစ်တတ်ပါတယ်။ ဘတ်ရိုက်ထားပြီးရင် ထွက်မရတာတော့ဘူး ဆိုတာကတော့ မဟုတ်ပါဘူးရှင်။\nကဲဒါဆိုရင် ဘတ်ရိုက်တာကိုလုပ်ငန်းစဉ်အကျဉ်းချုပ် ဆက်ပြောပြပါမယ် \n✅ ဘတ်ရိုက်ဖို့ အတွက် Passport ရှိပြီးသားဆိုရင် PV (or ) PJ ဘယ်ဟာဖြစ်ဖြစ်ရပါတယ်။\n✅ ဘတ်ဖွင့်ချိန်တွင် နာမည်စာရင်း(Name List) တင်ထားရပါမယ်\nName List တင်ရန် လိုအပ်သည်များ\nPassport Page\nGmail\nPh no\nNRC ရှေ့\u002F နောက်လိုပါတယ်။\n✅ဆေးစစ်ဖို့ ရက် မှာ ဆေးစစ်\u002F တာနဲ့ လိုအပ်တာတွေလုပ်ရပါမယ်\n✅အဆင့်ဆင့်လုပ်ပြီးရင် Work Permit ကို passport စာအုပ်မှာ တုံးထုရပါမယ်\n✅ပြီးရင် ပန်းရောင်ကတ် ရပါပြီ\nWork permit နဲ့ ပန်းရောင်ကတ်က ရှိထားရပါမယ် \nWork Permit သည်  ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ခွင့် ( ၂) နှစ် သက်တမ်းရပါတယ်။ \nပန်းရောင်ကတ်သည် ထိုင်းနိုင်ငံမှာ အလုပ်သမားအနေနဲ့ နေထိုင်ခွင့်ကတ်ပြားဖြစ်ပြီး သက်တမ်း ၁၀နှစ်ရပါတယ်။\n Passport PV  နဲ့ ဘတ်ရိုက်ထားပါက passport သက်တမ်းတိုးသည့်အခါ PJ စာအုပ် ပြန်ထွက်ပါမယ်။\nName List ထွက်ပြီး work permit နဲ့ pink card ရဖို့ ၁လ ကနေ ၂လ ကြား\u002F ၃လမှ ၄လကြား စောင့်ရပါတယ်။ \nသတိထားရန်မှာ _ Work Permit သည် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ခွင့်ရတဲ့ ဗီဇာ ဖြစ်တာကြောင့်\n၁။အလုပ်ရှင် (သူဌေး) ရှိရပါမယ်။\nအလုပ်ရှင် ဆိုတဲ့နေရာမှာ မိမိသည် လုပ်နေသော အလုပ်မှ သူဌေးနာမည်နှင့် မိမိ WP တာဝန်ယူပေးထားသော သူဌေးနာမည် တူရပါမယ်။ စာရင်းတင်ချိန်မှာ မိမိသည် တခြားသူဌေးနဲ့စာရင်းတင်ထားပါက မိမိ လုပ်ငန်းခွင်\nဝင်သည့်အခါ သူဌေးနာမည် ပြန်ပြောင်းရပါမည်။ ( ဒါကို ကျန့်အော်\u002F ကျန့်ခေါက် ပြောင်းတယ်လို့ ခေါ်ပါတယ်)\nဘတ်စာရင်းတင်ချိန်မှာ မြို့နယ်အလိုက် စျေးကွာခြားမှု ရှိပါတယ်။ ဥပမာ ဘန်ကောက် NameListသည် မဟာချိုင် အပါဝင် တခြားမြို့များထက် ပိုမြင့်တာကြောင့် ဘတ်ရိုက်ချိန်တွင်လဲ စျေးနှုန်းကွာပါသည်။\n📌စာရင်းမတင်ခင်အေးဂျင့်အား သေချာမေးရန်မှာ _ ကျန့်အော် \u002Fခေါက် ပြောင်းတာ တာဝန်ယူလား?\nWork Permit\u002F ပန်းရောင်ကတ်ထွက်သည်အထိ အပြီးစီး စျေးလားဆိုတာ သေချာမေးပါ။ တချို့တွေက စစချင်းစျေးသက်သာပြီး နောက်လုပ်ရမည့်လုပ်ငန်းစဉ်တွေမှာ တစ်ဆင့်စီ ထပ်တောင်းတာမျိုးရှိနိုင်ပါတယ်။\n၂။ ကိုယ်တိုင်က အလုပ်လုပ်မည့်သူဖြစ်ရပါမယ်။\nကိုယ်တိုင်က အလုပ်မလုပ်ပဲ နေမှာဆိုရင် ဘတ်မရိုက်သင့်ပါ။ စစ်ဆေးတွေ့ရှိခဲ့ရင် ဒဏ်ငွေဆောင်ရတာအပြင် ဖြေရှင်းရတာတွေ များလို့ပါ။ အဲ့ဒါကြောင့်အလုပ်လုပ်ဖို့မဟုတ်ရင် တခြား ဗီဇာကိုပဲ ရွေးချယ်ပါ။ \nလုပ်ငန်းစဉ် အဆင့်ဆင့်ပြီးလို့ work permit ရပြီးရင် ထိုင်း နဲ့ မြန်မာ နှစ်ဖက်လုံးမှာ အသိအမှတ်ပြု တရားဝင်အလုပ်လုပ်ခွင့်ရပါပြီ။\nWork Permit ရပြီးနောက် အလုပ်လုပ်နေရင်း ရက် ၉၀ တစ်ကြိမ် သက်ဆိုင်ရာမြို့နယ် Immigration ကို 90 Days Report ဆိုတာ တင်ရပါတယ်။ မတင်မိရင် ဘတ် သက်တမ်း ၂နှစ်ပြည့်လို့ ထပ်တိုးတဲ့အခါ ဒဏ်ငွေဆောင်ရပါတယ်။ ဘတ်ရိုက်စဉ် မိမိ စာအုပ်မှာ ပေးလိုက်တဲ့ စာရွက်ကို သေချာကြည့်ပါ။ရက် \n၉၀ မကျော်ခင် Reportတင်ပါ။ Agent တွေကတစ်ဆင့် တင်လို့ရပါတယ်၊ Online ကနေလဲ ရပါတယ် ။ လူကိုယ်တိုင် သွားစရာ မလိုပါဘူးရှင့်။\nဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်ကတော့ ဒါပါပဲရှင့်။\nနောက်ဆုံး အနေနဲ့ ဘတ်ရိုက်ပြီးရင် မြန်မာပြည်ပြန်လို့ရလား ? ဆိုတာ ပြောပြပါမယ်\nမြန်မာပြည် Passport type မှာ PV and PJ ဆိုပြီး အသုံးများပါတယ်။\nPJ passport ဆိုတာက မိမိနိုင်ငံကနေ တခြားနိုင်ငံတစ်ခုကိုအလုပ်နဲ့ တိုက်ရိုက်လာချင်တဲ့သူတွေကိုင်ဆောင်ရမှာဖြစ်ပြီး\nPV  passport ကတော့ အလည်အပတ်သွားချင်တဲ့ သူတွေပဲ ကိုင်ဆောင်ရတာဖြစ်ပါတယ်။\nမိမိနိုင်ငံကနေ Passport PV \u002F PJ ဘာနဲ့ပဲ လာလာ ဒီဖက်မှာ ဘတ်ရိုက်နိုင်ပါတယ်။ \nPassport PJ သမားတွေကတော့ ဘတ်ရိုက်ပြီးရင် နိုင်ငံ အဝင်အထွက်လုပ်တဲ့အခါ \nပြသနာမရှိပါဘူး။\nသို့သော် PV စာအုပ်မှာ  အလုပ်ဗီဇာ ဘတ်ထည့်သွင်းထားတဲ့ Passport တွေ ကတော့ နိုင်ငံပြန်အဝင်\u002Fအထွက်မှာ Re entry ထုပြီး ပြန်လို့ရပင်မဲ့ အခုနောက်ပိုင်း ဘတ်ရိုက်ထားတဲ့ \nPV Passport ဆို ပြန်ထွက်ချင်ရင် မလွယ်ပါ။ စျေးအဆ မတန်တောင်းတာမျိုး ရှိပါတယ်😢\nအဲ့ဒါကြောင့် စဉ်းစားနိုင်ဖို့ အတွက်ကြိုပြောပြပေးတာပါ။\nကဲဒါဆိုရင် မေးခွန်းအားလုံး စုံပြီမို့ စာလေးတွေ သေချာဖတ်ပြီး နားမလည်တာလောက်ပဲ လာမေးပေးပါနော် 🙏🏻\nအလုပ်သမားလိုအပ်ချက်ကြောင့် ဘတ်အသစ်များ မကြာခင် ဖွင့်တော့မယ်လို့ သိရပါတယ်။\nစောင့်နေတဲ့ သူတွေ အားလုံးလဲ အဆင်ပြေကြပါစေ။ အလုပ်အကိုင်တွေလဲ ပိုပေါလာကြပါစေရှင့်✅\nဘတ်စာရင်းတင်လို့ရပြီဆိုတာနဲ့ Adminတို့ update အခြေအနေတွေတင်ပေးပါမယ်ရှင်🇹🇭",{"id":143,"title":144,"slug":145,"status":8,"tags":146,"featuredImageUrl":147,"galleryImageUrls":148,"publishedAt":149,"content":141},"8T6hCJ9ctf2161Po1a14","Work Permit in Thailand","work-permit-in-thailand",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fwork-permit-in-thailand\u002F1756910464453_image.png",[147],{"_seconds":150},1756910473,{"id":152,"title":153,"slug":154,"status":8,"tags":155,"featuredImageUrl":156,"galleryImageUrls":157,"publishedAt":158,"content":160},"r29KBvNNHZk9WEkJFkAW","Bangkok or Chiang Mai","bangkok-or-chiang-mai",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fbangkok-or-chiang-mai\u002F1756910372954_image.png",[156],{"_seconds":159},1756910394,"ဒီနေ့မှာတော့  အမေးများတဲ့ မေးခွန်းဖြစ်တဲ့ အလုပ် လျှောက်မယ်ဆိုရင် ဘန်ကောက် နဲ့ ချင်းမိုင် ဘယ်မြို့ကို ရွေးရမလဲ ဆိုတဲ့ Client တွေ အတွက်ရှင်းပြပေးပါမယ်။\nNo1. အလုပ်အကိုင်အခွင့်အလမ်း နှိုင်းယှဥ်ချက်\n⭐ ဘန်ကောက် ⭐ \n BKK မှာ ဆိုရင် နိုင်ငံတကာကုမ္ပဏီတွေ  (ဘဏ်၊ နည်းပညာ၊ ထုတ်လုပ်မှု၊အင်ဂျင်နီယာ ၊ ဆေးဝါးနှင့်ဆက်စပ်၊ ဟိုတယ်လုပ်ငန်း )စတဲ့ company တွေအများအပြားရှိတာဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းပေါများပါတယ်။\n⭐ချင်းမိုင် ⭐\nချင်းမိုင်မှာတော့ ( Digital Marketing,NGO, Teaching Job, Freelance,Camera Man, Barista,Bartender) စတဲ့ အလုပ်အမျိုးစားတွေပေါပါတယ်။ ဘန်ကောက်ထက်စာရင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါတယ်။\nNo2. လစာကွာခြားမှု \nBKK >> 15000 -70,000 THB (အလုပ်အမျိုးအစားပေါ်မူတည်) \nChiang Mai >> 15,000-35,000 THB \nBKK မှာတော့ English ကျွမ်းကျင်ရုံနဲ့ အလုပ်ရဖို့ % ပိုများပင်မဲ့ \nChiang Mai မှာတော့ အင်္ဂလိပ်စာအပြင် ထိုင်းစာ ကျွမ်းကျင်မှ ပိုအဆင်ပြေပါမယ်။\nNo3.  ကုန်ကျစရိတ် နှိုင်းယှဥ်ချက်\n✅Living Cost \nBKK >> 8,000-20,000 THB (Condo) \nCM>> 3,000-8,000 THB (Apartment to Condo)\n✅စားသောက်စရိတ်\nBKK >> 8,000-15,000 THB \nCM >> 5,000-8,000 THB \n✅Transportation \nBKK >> BTS\u002FMRT: 2000-3000 THB လောက်ကုန်ကျပါတယ်။\nCM>> ချင်းမိုင်မှာတော့ ဆိုင်ကယ် ပဲ စီးကြတာမို့ မဝယ်ထားပဲ တစ်လခြင်းငှါးလို့လဲရပါတယ်: 2,500 THB\u002Fလ ပဲကျပါတယ်။\n✅ လူနေမှုစရိတ် မှာတော့ပေးရတာသက်သာပြီး ချင်းမိုင်က ဘန်ကောက်ထက် အများကြီးသာပါတယ်။\nNo4. ပတ်ဝန်းကျင်အခြေအနေ\nBKK ကတော့မြို့ပြလူနေမှုစနစ်ဖြစ်တာကြောင့်  24\u002F7 စီးပွားရေး\u002Fဖျော်ဖြေရေး၊ လူဦးရေထူထပ်၊ ယာဉ်ကြောပိတ် တာတွေ ရှိပါတယ်။\nCM ကတော့ သဘာဝနှင့်နီးစပ်ပြီး အေးအေးချမ်းချမ်း နေချင်တဲ့ သူတွေ အတွက် ပိုအဆင်ပြေပါတယ်။ နေထိုင်ရတာ လွယ် ကူပြီး ရပ်ကွက်စျေးလေးတွေနဲ့ တောင်တွေကြားထဲက မြို့လေးပဲ ဖြစ်ပါတယ်။\n 📊 ဘယ်မှာနေရမလဲ ဆုံးဖြတ်ချက်ချရမယ်ဆိုရင်တော့ \n  ✅နိုင်ငံတကာ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပြီး လစာကောင်းကောင်း ရချင်တယ်၊ မြို့နေလူတန်းစား Livestyle မျိုး နဲ့ ဖြတ်သန်းချင်တာဆိုရင် ဘန်ကောက်ကိုရွေးပါ။\n  ✅ရင်းနှီးမြုပ်နှံမှု လုပ်ချင်တယ်၊ ကိုယ်ပိုင်ဆိုင်ဖွင့်မယ်၊ Teaching Jobတွေရချင်တယ်၊ Remote Job နဲ့ အေးအေးဆေးဆေး နေချင်တဲ့ သူတွေ အတွက်ကတော့ ချင်းမိုင်ကိုရွေးပါ။ဟိုတယ်ပိုင်းတွေ ဆိုရင် နေစရာ provide ပေးပါတယ်။\nTeaching Job နဲ့ လုပ်ချင်တဲ့ သူတွေ အတွက် လုပ်ငန်းအတွေ့အကြုံ \u003C 3 နှစ် နဲ့အထက် ရှိပါက ချင်းမိုင်တွင် **အင်္ဂလိပ်စာသင်ကြား ပြီး နေထိုင်လို့ ရသလို ထိုင်းစာသင်ယူပြီးမှ ဘန်ကောက်ကို အလုပ်ပြောင်းရွှေ့ပြီး နေထိုင်လို့ရပါတယ်။\nဒီအပတ်မှာတော့ Ivy ဆီအမေးများတဲ့ အကြောင်းကို Sharing လုပ်ပေးထားပါတယ်။\nPackages များကို ChatBoxတွင် အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်📌",{"id":162,"title":163,"slug":164,"status":8,"tags":165,"featuredImageUrl":166,"galleryImageUrls":167,"publishedAt":168,"content":170},"B3HxdZks8cBK7XYQct4k","Barista Field in Thailand","barista-field-in-thailand",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fbarista-field-in-thailand\u002F1756910249817_image.png",[166],{"_seconds":169},1756910264,"ဒီအပတ်မှာတော့ \nဘန်ကောက်နဲ့ ချင်းမိုင်မှာ Baristaပိုင်းနဲ့ လုပ် ချင်တဲ့ သူတွေ အတွက်  လိုအပ်တဲ့ အရည်အချင်း နဲ့ ပြင်ဆင်ရမှာလေးတွေကို Sharing လုပ်ပေးပါမယ်။\n၁။ အခြေခံကျတဲ့ ကျွမ်းကျင်မှုများ (Hard Skills)\nကော်ဖီစက်အသုံးပြုနိုင်ခြင်း (Grinder, Espresso Machine)၊  (Steaming Milk)၊ ကော်ဖီချက်နည်း (Pour Over, French Press, AeroPress ) စတာတွေ သိရပါမယ်။\n၂။ ကော်ဖီအမျိုးအစားများ နားလည်ခြင်း :Espresso, Cappuccino, Latte, Americano, Mocha အစရှိတဲ့ Basic Menu ကော်ဖီတွေကို ပုံမှန်အတိုင်း သိနေရပါမယ်။\n၃။ သန့်ရှင်းမှု\n ကော်ဖီဆိုင်တစ်ခုလုံး၊ အထူးသဖြင့် ကော်ဖီစက်နဲ့ ကိရိယာတွေ သန့်ရှင်းဖို့ အလွန်အရေးကြီးပါတယ်။ ဒါက ဝန်ထမ်းအချင်းချင်း ညှိပြီးလုပ်ရမှာ ဖြစ်လို့ ကိုယ့်တာဝန် မဟုတ်တာဆိုပြီး နေ လို့မရပါနော်။\n၄။ လူမှုဆက်ဆံရေး စွမ်းရည်များ (Soft Skills)\nဧည့်သည်တွေနဲ့ ပြုံးပြီး ပြောဆိုဆက်ဆံနိုင်ခြင်း၊ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေဆိုနိုင်ခြင်း။\nလုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်ခြင်း။\nMenu များတဲ့ဆိုင်တွေမှာ customer ကျတဲ့အခါ ၊ ပြင်ဆင်မှုကြာတဲ့ coffee တွေကို  စိတ်ရှည်ရှည်နဲ့ အမြန် လုပ်ဆောင်နိုင်ခြင်း။\nလုပ်ငန်းခွင်မှာ  သတိထားပြီး အမှားနည်းအောင် လုပ်ဆောင်နိုင်ခြင်း။\n၅။ဘာသာစကားနှင့် ဆက်သွယ်ရေး\nထိုင်းလူမျိုး ဧည့်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ဖို့အတွက် ထိုင်းစာကို အခြေခံရဖို့ လိုအပ်ပါတယ်။ (အထူးသဖြင့် ချင်းမိုင်က ဒေသခံဆိုင်တွေမှာ)\nနိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဆက်သွယ်ဖို့၊ တစ်ဆိုင်လုံးက menu ကို နားလည်ဖို့ လိုအပ်ပါတယ်။ (အထူးသဖြင့် ဘန်ကောက်နဲ့ ချင်းမိုင်က ခရီးသွားဧည့်သည်များတဲ့ဆိုင်တွေမှာ)\nကိုယ်က English စာရတယ် နိုင်ငံခြားသား အလာများတဲ့ဆိုင်တွေမှာ ကိုယ့်ကိုခန့်တယ်ဆိုရင် ဆိုင်မှာ ရှိတဲ့ထိုင်းဝန်ထမ်းတွေထက် ကိုယ်က ပိုပြီး menu သိနေရပါမယ်။ ဒါမှ ဧည့်သည်မေးရင် ဖြေနိုင်မှာ ဖြစ်ပါတယ်\nဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်အောင် မေးမြန်းနိုင်ခြင်း၊ ကော်ဖီအကြောင်း ရှင်းပြနိုင်ခြင်းစတာတွေ လိုအပ်ပါတယ်။\n၆။ဘွဲ့ သတ်မှတ်ချက် မရှိပင်မဲ့ သက်ဆိုင်ရာ certificate (or) Diploma တစ်ခုခု ရှိရပါမယ်။\nအတွေ့အကြုံရှိရင် ပိုအလုပ်ရလွယ်ပါတယ်။ ဒါပေမယ့် တချို့ဆိုင်တွေကတော့ ဝင်ဝင်ချင်း တစ်ပတ်ကို သေချာ လေ့ကျင့်သင်ကြားပေးတာလည်း ရှိပါတယ်။\nကော်ဖီဆိုင်တွေကဘတစ်နေကုန် ရပ်ပြီး အလုပ်လုပ်ရတာမို့ ကျန်းမာဖို့လဲ လိုအပ်ပါတယ်။\nတခြား နေရာတွေလို ကိုယ်မရှိရင် အစားထိုးစရာ လူ မရှိတာမို့ သေချာ ဂရုစိုက်ပါ။\nကော်ဖီနဲ့ ပတ်သတ်တဲ့ ခေတ်ပေါ်အလေ့အထတွေ၊ ပစ္စည်းအသစ်တွေကို လေ့လာနေဖို့ မပျင်းပါနဲ့။\n၇။အတွေ့အကြုံမရှိရင် ဘာလုပ်သင့်လဲ\n*   **Barista Course တက်ရောက်ပါ :** ဘန်ကောက်\u002Fချင်းမိုင်မှာရှိတဲ့ ကော်ဖီသင်တန်းကျောင်းတွေမှာ အခြေခံသင်တန်းတွေ တက်ပါ။ (ဥပမာ: Specialty Coffee Association သင်တန်းတွေ)\nမသိရင် Ivy Share ပေးနေကျ သင်တန်းရှိပါတယ် Page မှာ ရှာဖတ်ပါ။\n၈။ အလုပ်လျှောက်မည့်သူများ မိမိ Cv Form မှာ Education and work experience အပြည့်အစုံပါရပါမယ်။\nကိုယ်လုပ်ခဲ့ဖူးတဲ့ပုံတွေကို Attached File တွဲထားပါ။ Cv form မှာ ကျော့ရှင်းတဲ့ ဓာတ်ပုံပဲ သုံးပေးပါ။ \nလက်သည်းရှည် ၊ ဆံပင်ရှည် မဖြစ်ရပါ။\n*   **အတွေ့အကြုံမရှိရင် လေ့ကျင့်ပေးမယ့် ဆိုင်တွေကို ဦးစားပေးလျှောက်ထားပါ။**\nဘန်ကောက်နဲ့ ချင်းမိုင်မှာ ကော်ဖီဆိုင်တွေ အများကြီးရှိတဲ့အတွက် အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ အထက်ပါ အရည်အချင်းတွေ ပြည့်မီအောင် ကြိုးစားပြီး လျှောက်ထားဖို့ အကြံပေးလိုပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေကို CV မှာ ရှင်းလင်းစွာဖော်ပြပြီး အင်တာဗျူးမှာ ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ လိုပါတယ်။ ကံကောင်းပါစေ! ☕✨\nPackages များကို ChatBoxတွင် အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်📌",{"id":172,"title":173,"slug":174,"status":8,"tags":175,"featuredImageUrl":176,"galleryImageUrls":177,"publishedAt":178,"content":180},"QU8oMwage0BV30e6Aiwe","White Collar Jobs in Thailand","white-collar-jobs-in-thailand",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fwhite-collar-jobs-in-thailand\u002F1756910174852_image.png",[176],{"_seconds":179},1756910184,"ထိုင်းနိုင်ငံမှာ White Collar Job (ရုံးအလုပ်\u002Fပညာတတ်အလုပ် - IT, Marketing, Finance, HR, Management, Engineering ) Positions တွေရဖို့ လျှောက်ထားနည်းနဲ့ ပြင်ဆင်ရမယ့်အချက်တွေကို ဒီနေ့မှာပြောပြပေးပါမယ် 🎀🇹🇭\nအဆင့် (၄) ဆင့်\n1.  **အလုပ်ရှာခြင်း (Job Search)**\n2.  **လျှောက်လွှာတင်ခြင်း (Application)**\n3.  **အင်တာဗျူး (Interview)**\n4.  **ဗီဇာနှင့် နေထိုင်ခွင့် (Visa & Work Permit)**\n---\n၁။ အလုပ်ရှာခြင်း (Job Search)\nအွန်လိုင်း Job Portals:\n JobsDB Thailand, JobThai, JobsKK, LinkedIn (Location: Thailand လို့ထည့်ရှာပါ)\n **နိုင်ငံတကာ:** LinkedIn (အရေးကြီးဆုံး), Glassdoor, Indeed Thailand.\n **ကုမ္ပဏီဝက်ဘ်ဆိုဒ်များ:** စိတ်ဝင်စားတဲ့ နိုင်ငံတကာကုမ္ပဏီတွေ (သို့) ထိုင်းကုမ္ပဏီကြီးတွေရဲ့ Career\u002FJob Page တွေကို ပုံမှန်ကြည့်ပါ။\n**Recruitment Agencies (ခေါ်ယူသင်တန်း\u002Fအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများ):** Michael Page, Robert Walters, Adecco, Manpower စတဲ့ နိုင်ငံတကာအသိအမှတ်ပြု Agency တွေကို ဆက်သွယ်ပါ။\n သူတို့က CV ကို Database မှာထားပြီး ကိုက်ညီတဲ့အလုပ်ရှိရင် ဆက်သွယ်လာမှာဖြစ်ပါတယ်။\n*   **Network ကောင်းအောင်လုပ်ပါ:**\n    *   **LinkedIn** မှာ Professional Profile ကို အပြည့်အစုံဖြည့်ပါ။ ထိုင်းနိုင်ငံက Recruiter တွေ၊ကိုယ့်ရဲ့ carrie က senior တွေနဲ့ ချိတ်ဆက်ပါ။\n    *   ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာပညာတတ်အသိုင်းအဝိုင်းတွေနဲ့ ဆက်သွယ်ပါ (Facebook Groups များ)။\n    *   သင့်နယ်ပယ်နဲ့ ဆိုင်တဲ့ ထိုင်းနိုင်ငံက Professional Events\u002FConferences တွေကို တက်ပါ။\n ၂။ လျှောက်လွှာတင်ခြင်း (Application - CV & Cover Letter)\n **CV (Curriculum Vitae) \u002F Resume:**\n    *  ကိုယ့်အရည်အချင်းကို ပေါ်လွင်စေမဲ့ အလုပ်အတွေ့အကြုံ၊ Skills (Technical & Soft Skills)၊ ဘာသာစကား၊ အောင်မြင်မှုတွေကို သေချာဖော်ပြပါ\n    *   အလုပ် မလျှောက်ခင် အလုပ်ခေါ်စာမှာ လိုအပ်တဲ့ Skills\u002FExperience တွေကို CV မှာ ထည့်ပြီးမှ\nလျှောက်ပါ။\n    *   CV form ဟာ professional ကျပါစေ (ဓာတ်ပုံတပ်ရန် မလိုပါ)\n    *   အင်္ဂလိပ်လို ရေးပါ:ထိုင်းလိုလိုအပ်တဲ့အလုပ်မှလွဲ၍ အားလုံးနီးပါး အင်္ဂလိပ်လိုသာ လိုအပ်ပါတယ်။\n*   **Cover Letter (သို့) Email:**\n    *   ဘာကြောင့် ဒီကုမ္ပဏီကို စိတ်ဝင်စားရတာလဲ၊ ဘာကြောင့် ဒီအလုပ်နဲ့ ကိုယ်နဲ့ ကိုက်ညီတာလဲ ဆိုတာ သေချာ ပြောရပါမယ်။\n    *  ကိုယ့် ရဲ့ အဓိကအားသာချက်တွေကို အကုန်ပါအောင် ချုံ့ပြီး ရေးပေးပါ။\n    *   လျှောက်မည့် ကုမ္ပဏီနာမည်၊ အလုပ်နာမည် မှန်ကန်အောင် ဂရုစိုက်ပါ။\n၃။ In person  (Interview)\n    *   ပထမအဆင့်: Phone\u002FVideo Interview (Recruiter သို့မဟုတ် HR နဲ့)\n    *  Next Steps >> Video Interview (Hiring Manager, Team Members)၊ လိုအပ်ရင် Face-to-Face Interview ရှိပါမယ်\n    * ကုမ္ပဏီအကြောင်း သေချာလေ့လာပါ:သူတို့ရဲ့ လုပ်ငန်း၊ ယဉ်ကျေးမှု၊ လတ်တလောသတင်းများ။\n    *  အလုပ်ခေါ်စာကို ပြန်ဖတ်ပါ လိုအပ်ချက်တွေနဲ့ ကိုယ့်အရည်အချင်းကို ချိတ်ဆက်ပြောနိုင်အောင်ဖြစ်ပါတယ်။\n    * မေးခွန်းများ ကြိုတင်စဉ်းစားပါ: သာမန်မေးခွန်းတွေ (ကိုယ့်အကြောင်း၊ အားသာချက်\u002Fအားနည်းချက်)၊ Technical မေးခွန်းတွေ၊ ကုမ္ပဏီနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပြင်ဆင်ထားပါ။\n    * အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်အောင် ရှင်းရှင်းလင်းလင်းနဲ့ ယုံကြည်မှုရှိရှိ ဖြေဆိုပါ။\n    * ပရော်ဖက်ရှင်နယ်အသွင်အပြင် Video Interview ဆိုလည်း ကောင်းမွန်တဲ့နောက်ခံ၊ သင့်တော်တဲ့အဝတ်အစား စတာတွေက အစ အသေးစိတ် ပြင်ဆင်ပါ။\n၄။ ဗီဇာနှင့် နေထိုင်ခွင့် (Visa & Work Permit - အရေးကြီးဆုံး)\nWhite collar Job လို့ပြောတာနဲ့ အလုပ်ခန့်မည့် သူကို company ဘက်က Non B visa ကို မဖြစ်မနေ Provided ပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Non B ပေးပြီး ခန့်ဖို့ အတွက် ကိုယ့်ဘက်က အရည်အချင်းတွေ ပြည့်မှီနေရပါမယ်\n*   Non-Immigrant Visa \"B\" \n    ကုမ္ပဏီက Documents တွေနဲ့အတူ ထိုင်းအလုပ်သမားဦးစီးဌာန (Department of Employment) မှာ လျှောက်ထားပေးပါလိမ့်မယ်။\n    *   ကိုယ့်ဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထပ်ဖြည့်ရနိုင်ပါတယ် (ဥပမာ - ဆေးစစ်ချက်လက်မှတ်၊ မှတ်ပုံတင်နေရာထောက်ခံစာ)။\n    *   Work Permit ရမှသာ တရားဝင် အလုပ်လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။\nNon B နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်ရင် Ivy ရေးပေးထားတဲ့ Post ရှိပါတယ်နော် ။\n---\n✅မဖြစ်မနေ ပြင်ဆင်ရမယ့် အရာများ\n1.  ဘာသာစကား (Language Skills):\n    English လိုကို communication ကောင်းကောင်းလုပ်နိုင်အောင် ပြင်ဆင်ပါ။\n    ထိုင်းစာကို နေ့စဉ်သုံး၊ ရုံးသုံးစကားတွေ အနည်းဆုံး သင်ထားပါ။\n2.  ပညာရေးနှင့် အရည်အချင်း (Education & Qualifications)\n    *   သက်ဆိုင်ရာနယ်ပယ်အတွက် လိုအပ်တဲ့ ဘွဲ့လက်မှတ်၊ Professional Certificates (ဥပမာ - ACCA, PMP, IT Certificates) တွေကို PDF File ထုတ်ထားပါ။\n3.  ငွေကြေးပြင်ဆင်မှု (Financial Preparation)\n    *   အလုပ်လျှောက်ချိန်၊ အင်တာဗျူးချိန်တွေမှာ လိုအပ်မယ့် ကုန်ကျစရိတ် (ဗီဇာလျှောက်ခ၊ ခရီးစရိတ်၊ ယာယီနေထိုင်စရိတ်) ကို ကြိုတင်စီမံထားပါ။\n5.  ယဉ်ကျေးမှုနားလည်မှု (Cultural Awareness)\n    *   ထိုင်းအလုပ်ခွင်ယဉ်ကျေးမှု၊ လူမှုရေးဓလေ့တွေကို လေ့လာထားပါ (ဥပမာ - ရိုသေလေးစားမှု၊ မျက်နှာအမူအရာ အရမ်းအရေးကြီးပါတယ်)။\n---\n# သတိထားရမည့်အချက်များ\n*   တရားဝင်လမ်းကြောင်းကိုသာ သုံးပါ:** မသိသောကုမ္ပဏီတွေ၊ ဗီဇာနဲ့ပတ်သက်ပြီး အာမခံချက်ပေးတာတွေကို သတိထားပါ။\n*  contract စာချုပ်ကို သေချာဖတ်ပါ\nလစာ၊ အလုပ်သက်တမ်း၊ JD ၊other allowances \u002Fခံစားခွင့်တွေကို သေချာဆွေးနွေးပါ\n*  ထိုင်းနိုင်ငံရဲ့ နေထိုင်စရိတ်ဟာ :ဘန်ကောက်လို မြို့ကြီးတွေက စရိတ်စကများပါတယ်။ \nလစာနဲ့ ညီမျှမှုရှိအောင် ညှိနှိုင်းပါ။\nလျှောက်တဲ့ အခါ အောင်မြင်ဖို့အတွက် စိတ်ရှည်ဖို့နဲ့ ဇွဲလုံ့လရှိဖို့ အရေးကြီးပါတယ်။\n ကိုယ့်ရဲ့ Skills တွေကို Update လုပ်နေပါ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ\n ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ထိုက်တန်တဲ့နေရာဆိုတာ အမြဲ ရှိတာမို့ အားလုံးပဲ အဆင်ပြေကြပါစေရှင့်။",{"id":182,"title":183,"slug":184,"status":8,"tags":185,"featuredImageUrl":186,"galleryImageUrls":187,"publishedAt":188,"content":190},"pIYw5eb35BSKW560hNNS","Basic Salary in Thailand","basic-salary-in-thailand",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fbasic-salary-in-thailand\u002F1756910120687_image.png",[186],{"_seconds":189},1756910130,"Customer အမ တစ်ယောက် မေးထားတာလေးကို အားလုံးအတွက် ဖြေပေးပါမယ်✅✅\nဖတ်မယ်ဆိုရင် တစ်သျှူးလေး ဆောင်ထားပါနော် 🥲\nထိုင်းကို လာမယ် ဆိုရင် လစာ အများကြီး ရဖို့ ဆိုတာ မျှော်လင့်လို့ မရပါဘူး။\nနောက်တစ်ခုက ပြန်ကြည့်ရမည့် မိသားစု ရှိတယ်ဆိုရင် ပိုလို့တောင် အဆင်မပြေပါဘူးနော်\nရတဲ့လစာကို ခွဲခြမ်း စိတ်ဖြာလိုက်ရင် အပိုငွေဆိုတာ မပြောပလောက်တဲ့ ပမာဏပဲ ထွက်လာတာပါ။ \nအလုပ်တစ်ခုတည်း လုပ်ပြီး နေထိုင်ရပ်တည်မယ်ဆိုရင် ကိုယ့်ကိုကိုယ် survivor ဖြစ်ဖို့ အတွက် ရပ်တည် ချင်သူတွေပဲ အဆင်ပြေပါမယ်။\nဒီနေရာမှာ ပြောချင်တာကMOU နဲ့ လာတဲ့ သူတွေနေ စရာ အပြီးစီး လစာ ဘာညာ အပြီးစီး ဖြစ် တဲ့ အတွက် အဆင်ပြေကောင်း ပြေပါလိမ့်မယ်။\nအစစရာရာ ကိုယ့်ဟာကိုယ် စီစဉ် ရမဲ့ သူတွေ၊ မဖြစ်မနေမလို့ အဆင်ပြေတဲ့ visa နဲ့လာတဲ့သူတွေ ၊ ဘတ်မရိုက်ပဲ visa ဝယ်ပြီး နေမဲ့ သူတွေက လုံးဝ အပိုငွေ မထွက်ပါဘူးနော် ။ \nအဲ့ဒါကြောင့် ထိုင်းကိုလာရပြီးရော ထွက်လာရတယ်ဆိုရင်တောင် ကိုယ်ပြန်ကြည့်ရမည့် မိသားစုရှိတယ်ဆိုရင် တခြားလုပ်ငန်းတစ်ခု ကို Backup အနေနဲ့ ရှိထားသင့်ပါတယ်။ \nဒါမှသာ အဆင်ပြေပါမယ်\nလက်ရှိ မှာ လစာ ၁၂၀၀၀ ကနေ ၁၈၀၀၀ , ၂၀၀၀၀ ရတဲ့ သူတွေမှာ အပိုအလျှံ မထွက်နိုင်ဘူး ဆိုတာကို ပြောပြတာပါနော်\nအခုကာလမှာ ဒီက အလုပ်ရှင်တွေ အနေနဲ့ကလဲ professional သမားတွေကို လစာ ၃သောင်းဝန်းကျင် ပေးဖို့ဆိုတာတောင် အတော် စဉ်းစားနေတဲ့ အခြေအနေပါ။\nကိုယ်က နိုင်ငံခြားလုပ်ငန်းခွင် အတွေ့ကြုံယူမယ်၊ survivor ဖြစ်အောင် နေချင်တဲ့ သူတွေ၊ Third Country ကူးဖို့ ခန လာနေတဲ့သူတွေ၊ အိမ်က ကျောင်းစရိတ်ပေးတယ် ကိုယ်က အသုံးစရိတ်ပဲ ရှာရမယ် ၊ ကိုယ်ပိုင်တခြားအလုပ်ရှိတယ် ဒီဖက်မှာ အပိုဝင်ငွေ ရဖို့ ဆိုတဲ့သူ တွေ အတွက်ကတော့ အဆင်ပြေပါတယ်။ \nအ- လု - ပ် ရှာတဲ့ နေရာမှာလဲ ကံချင်းက မတူပါဘူးရှင်။ အတူတူ အလုပ်လျှောက်တယ် သူကကျ လစာကောင်း positions ကောင်းတယ် ကိုယ်က ကျ အရည်ချင်း အတူတူကို သူ့လောက် မရ တာမျိုးလဲ ရှိတတ်ပါတယ်။ ဒါက ကိုယ်အသုံးမကျလို့မဟုတ်ပဲ ဒီနိုင်ငံရဲ့အခြေအနေအရ ခေါ်တဲ့ ဦးရေနဲ့ လျှောက်တဲ့ ဦးရေ မညီမျှလို့သာ ဖြစ်ပါတယ်နော်။ \nProfessional တွေဆို ရင် အေဂျင်စီတွေကနေ လျှောက်တာထက် မိမိဘာသာ လျှောက်ဖို့သာ အမြဲ အကြံပေးဖြစ်ပါတယ်။\nAdmin တို့ကိုလာမေးရင်လဲ အဆင်ပြေပါတယ် လာပါ မပြောလိုပါဘူးနော် \nကိုယ့်သဘော ဆန္ဒပေါ်မူတည်ပြီး customer တွေက စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ \n\nSharing is Caring _ Session 4\nIvyIris ",{"id":192,"title":193,"slug":194,"status":8,"tags":195,"featuredImageUrl":196,"galleryImageUrls":197,"publishedAt":198,"content":200},"03CkSUozu5634urV7gGl","ED Plus Visa","ed-plus-visa",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fed-plus-visa\u002F1756910021865_image.png",[196],{"_seconds":199},1756910031,"ED Plus Visa** ဆိုတာက ထိုင်းနိုင်ငံမှာ **ပညာသင်ယူဖို့** ရည်ရွယ်တဲ့ နိုင်ငံခြားသားတွေအတွက် ထုတ်ပေးတဲ့ ကျောင်းဗီဇာ (Education Visa) အမျိုးအစားဖြစ်ပြီး၊ ဒီဗီဇာကို ၂၀၂၃ ခုနှစ်မှာ စတင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်\nEd Plus Visa ဟာ  ထိုင်းနိုင်ငံ လေ့လာရေးဗီဇာ (Education Visa \u002F Non-Immigrant ED Visa) ကို အခြေခံပြီး တိုးချဲ့ထားတာ ဖြစ်ပါတယ်။ သာမန် Education Visa နဲ့မတူတာက —\n **ED Plus Visa ရဲ့ အဓိက အားသာချက်များ**  \n1. **ဗီဇာသက်တမ်း** – ED Plus Visa က **၅ နှစ်** အထိ သက်တမ်းတိုးနိုင်ပြီး (သာမန် ED Visa က ၁ နှစ်သာ ရရှိ)၊ ပညာသင်ကြားမှု ကာလအလိုက် သက်တမ်းတိုးနိုင်ပါတယ်။\n2. **အလုပ်လုပ်ခွင့်** – ဒီဗီဇာနဲ့ **အချိန်ပိုင်းအလုပ် (Part-time) လုပ်ခွင့်** ရှိပါတယ် (တစ်ပတ်ကို ၂၀ နာရီအထိ)။  \n3. **မိသားစုဝင်များ ခေါ်ယူခွင့်** – ကျောင်းသားရဲ့ မိသားစုဝင်တွေ (ကလေး၊ ဇနီး\u002Fခင်ပွန်း) ကိုပါ **Dependent Visa** နဲ့ ခေါ်နိုင်ပါတယ်။ (မိမိလျှောက်ထားသည့်ကျောင်းပေါ်တွင်သက်ဆိုင်ပါသည်)\n4. **ထိုင်းနိုင်ငံတွင်း အချိန်ကြာမြင့်စွာနေထိုင်ခွင့်** – ဗီဇာသက်တမ်းကုန်ရင် ထိုင်းနိုင်ငံထဲက နေပြီး **တိုးနိုင်တယ်**၊ နိုင်ငံထွက်စရာမလိုပါ။  \n5.**Ed Plus Visa ကို ၃ လ၊ ၆ လ၊ ၁ နှစ် အထိ ထပ်တိုးလျှောက်ခွင့်ရှိပါတယ်။\n **လိုအပ်ချက်များ**  \n- **ထိုင်းနိုင်ငံက အသိအမှတ်ပြုကျောင်းတစ်ခုခုမှာ မှတ်ပုံတင်ထားရမယ်** (University ၊ ဘာသာစကားကျောင်း၊ တက္ကသိုလ်၊ သက်မွေးပညာသင်တန်း စသဖြင့်)။  \n- **ကျောင်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထောက်ပံ့ပေးရမယ်** (ဥပမာ – ကျောင်းအတည်ပြုလွှာ၊ ကျောင်းဝင်ခွင့်လက်မှတ်)။  \n- **ငွေကြေးအာမခံချက်** (ဘဏ်စာရင်းတင်ပြရန် လိုနိုင်ပါတယ်)။  \n- **ကျန်းမာရေးအာမခံ** (တချို့အခြေအနေတွေမှာ လိုအပ်နိုင်)။  \n### **ED Plus Visa အတွက် လျှောက်ထားနည်း**  \n1. **ထိုင်းနိုင်ငံက အသိအမှတ်ပြုကျောင်းတစ်ခုခုမှာ စာရင်းသွင်းပါ**။  \n2. **ကျောင်းက ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးပါလိမ့်မယ်**။  \n3. **ထိုင်းသံရုံး (သို့) ထိုင်းနိုင်ငံအတွင်း Immigration Bureau မှာ လျှောက်ထားနိုင်ပါတယ်**။  \n4. **နိုင်ငံပြင်ပမှ ဝင်လာမည့်သူများ ကလည်း ဗီဇာအတည်ပြုပြီးတာနဲ့ ထိုင်းနိုင်ငံဝင်ရောက်နိုင်ပါပြီ**။  \n **သတိထားရန်**  \n- ED Plus Visa က **ပညာသင်ယူဖို့သာ** ရည်ရွယ်ပါတယ်။ အလုပ်လုပ်ဖို့ အဓိကမဟုတ်ပါ။  \n- **ကျောင်းတက်ရောက်မှု မှန်ကန်ဖို့ အရေးကြီးပါတယ်**၊ မတက်ရင် ဗီဇာပြန်ရုပ်သိမ်းခံရနိုင်ပါတယ်။  \nEd Plus Visa ရပြီး **ထိုင်းမှာ ပညာသင်ယူဖို့နဲ့ နေထိုင်ဖို့ အဆင်ပြေစေတဲ့ ကျောင်းတွေ ရှိတာဖြစ်လို့စိတ်ဝင်စားရင်Admin တို့နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။  \nအသေးစိတ်အတွက် ထိုင်းနိုင်ငံရဲ့ **ရွေ့ပြောင်းနေထိုင်ရေး ဝက်ဘ်ဆိုဒ်** ([https:\u002F\u002Fimmigration.go.th](https:\u002F\u002Fimmigration.go.th)) ကို ဝင်ကြည့်နိုင်ပါတယ်။\n\nSharing is Caring _ Session 3\nIvyIris",{"id":202,"title":203,"slug":204,"status":8,"tags":205,"featuredImageUrl":206,"galleryImageUrls":207,"publishedAt":208,"content":210},"2XMUDNSVLKopoVCp1ECg","About Income in Thailand","about-income-in-thailand",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fabout-income-in-thailand\u002F1756909940735_image.png",[206],{"_seconds":209},1756909956,"✅ ဘန်ကောက်မှာ Middle Classတွေလို နေထိုင်စားသောက်နိုင်ဖို့ဆို ဝင်ငွေ ဘယ်လောက်ရှိရမလဲ?\nထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လူလတ်တန်းစားအဖြစ်နေထိုင်စားသောက်ဖို့အတွက် လစဉ်ဝင်ငွေ (salary) အနည်းဆုံး THB 30,000 – 45,000 လောက်လိုပါတယ်။ \nတကယ် realistic ဖြစ်အောင် အချက်အလက်တွေနဲ့အတူရှင်းပြပေးပါမယ်။\nအမျိုးအစား အသုံးစရိတ် Monthly Estimate (THB)\n1. အိမ်ခြံမြေ ငှားရမ်း (Studio condo outskirts or shared apartment) 7,000 – 12,000 \n2. စားသောက် (ဟင်းလျာ + street food + groceries) 6,000 – 10,000 \n3. အသွားအလာ (BTS, MRT, motorbike, etc.) \n      1,500 – 3,000 \n4. ဖုန်း + အင်တာနက် \n      500 – 1,000 \n5. အပတ်စဉ်အသုံးများ (shopping, coffee, small luxuries) 2,000 – 4,000 \n6. အရေးကြီးဘက် (health, visa fee, emergency) 1,000 – 2,000 \n   ဒါကတော့ တစ်လ ချင်း ကုန်ကျနိုင်မဲ့ အခြေခံအသုံးစရိတ် တွေ ဖြစ်ပါတယ်။ ကိုယ်သုံးမဲ့ အပေါ် မူတည်ပြီး ချ်ိန်ဆ နိုင်ပါတယ်ရှင့်။ \n🔎 salary အပိုင်း ?\n • 💰 THB 25,000: ပမာဏဟာဆိုရင်  ပြေလည်နိုင်ပင်မဲ့ သာမန်ပမာဏပဲဖြစ်ပါတယ်။ \n • ✅ THB 30,000 – 35,000: ပမာဏကတော့ နေစရိတ်ပေးပြီး၊ သုံးဖို့အသင့်အတင့်အဆင်ပြေစေပါတယ်။ \n🌟 THB 40,000 – 50,000: ရရင်တော့လူလတ်တန်းစားရဲ့ quality lifestyle လိုနေနိုင်မှာ ဖြစ်ပါတယ်။ ခရီးတွေ ထွက်နိုင်မယ် အိမ်စရိတ်အတွက် ကောင်းကောင်းသုံးနိုင်မှာ ဖြစ်ပါတယ်။\n📝 အကြံပြုချက်:\nကိုယ်က မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ချင်တာလား၊ ဒါမှမဟုတ် တစ်ကိုယ်တည်း သမားလား ပေါ်မူတည်ပြီး ဝင်ငွေကို ချိန်ဆနိုင်ပါတယ်။ \nBasic Salary နည်းတဲ့ နိုင်ငံဖြစ်တာကြောင့် တခြား Business ကနေ ဝင်ငွေရနေဖို့လဲ လိုအပ်ပါတယ်။ \nဝင်ငွေပေါ်မူတည်ပြီး လူနေထိုင်မှုကို မြှင့်တင်ရတာမို့ ပိုကောင်းတဲ့ ဝင်ငွေ လမ်းကြောင်းများကို မလာခင် ကြိုတင်စဉ်းစားထားကြပါရှင့်။ ",{"id":212,"title":213,"slug":214,"status":8,"tags":215,"featuredImageUrl":216,"galleryImageUrls":217,"publishedAt":218,"content":220},"BYOv7qTcCx2j68HqJ1cJ","Non-B Visa အကြောင်း","Non-B_Visa",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Fnon-b-visa\u002F1756909680800_image.png",[216],{"_seconds":219},1756909734,"ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် မဖြစ်မနေနဲ့ လိုအပ်လာတတ်တဲ့ Non-B Visa အကြောင်းကို ဒီနေ့ မျှဝေပေးချင်ပါတယ်။\n Non-B Visa က ဘာလဲ၊ ဘယ်လိုလျှောက်လို့ရမလဲ၊ ဘယ်လိုအလုပ်တွေလုပ်လို့ရမလဲ ၊ Non B ရဖို့companyဘက်က  ဘယ်လိုdocuments တွေတောင်းရမလဲ၊ အလုပ်အကိုင် အခွင့်လမ်းရော ပေါလား စတာတွေကိုရှင်းပြသွားပါမယ်။ \nဒါဖတ်ပြီးရင် Customer တွေ အနေနဲ့ ပြင်ဆင်သင့်တာ လိုအပ်တာတွေကို သိသွားပါလိမ့်မယ်✅\n1. Non-B Visa ဆိုတာဘာလဲ?\nNon-B Visa (Business Visa) ဆိုတာ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဗီဇာတစ်ခုပဲဖြစ်ပါတယ်။\n2. Non B နဲ့ ဘာအလုပ်တွေ လုပ်လို့ရနိုင်သလဲ?White collar Job ဆိုတာရော ဘာလဲ??\n • IT \u002F Software Developer\n • Restaurant & Hotel Staff (Chef, Waiter, Manager)\n • English Teacher\n • Construction Worker\nစတဲ့ အလုပ်တွေအပြင် ရုံးတွင်းလုပ်ငန်းများ၊ Admin, HR, Accounting, IT Support, Customer Service, Marketing စတဲ့ ပညာရပ်တွေကိုအခြေခံပြီးလုပ်ရတဲ့ လုပ်ငန်းအမျိုးအစားတွေကို white collar job လို့ ခေါ်ပြီးတော့ ယခုအလုပ်တွေမှာ Non B Provide ပေးဖြစ်ပါတယ်။\n3.  Non-B Visa လျှောက်ဖို့လိုအပ်တဲ့အချက်များ?\n • Company invitation letter (company ကပေးတဲ့ကုမ္ပဏီအလုပ်ခေါ်စာ)\n • Work permit application\n • Passport (valid 6 months+)\n • Degree certificates or qualifications\n • Criminal record (တချို့အတွက်လိုအပ်ပါတယ်)\nစတဲ့ အချက်အလက်(Documents) တွေကို မိမိဆီ မှာ ရှိဖို့ လိုအပ်ပါတယ်။\n4.  Non B အလုပ်ရှာဖို့ နည်းလမ်းများ??\n • Job agency တွေကတစ်ဆင့်ရှာတာ\n • Facebook Groups \u002F Telegram Channels\n • Website များ (JobThai, JobsDB, Glassdoor Thailand) စတဲ့နေရာတွေကနေ ရှာလို့ရပါတယ်\n5. နိုင်ငံခြားသားတွေကို Non B ပေးပြီး အလုပ်ခန့် မယ်ဆို  company တွေက ဘာတွေ ရှိဖို့လိုလဲ?\nထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုဟာ နိုင်ငံခြားသား (ဥပမာ - မြန်မာနိုင်ငံသား) ကို Non-B Visa နဲ့တရားဝင်အလုပ်ခန့်ချင်တယ်ဆိုရင်၊ အောက်ပါအချက်တွေလိုအပ်ပါတယ်။\n(1.) ထိုင်းလူမျိုးဝန်ထမ်းအရေအတွက်\n • နိုင်ငံခြားသား ၁ ယောက်အတွက် ထိုင်းဝန်ထမ်း ၄ ယောက် ရှိဖို့လိုတတ်တယ်\n • ဥပမာ - မြန်မာဝန်ထမ်း ၁ ယောက်ခန့်ဖို့ဆိုရင် ထိုင်းဝန်ထမ်း ၄ ယောက်ခန့်ထားဖို့လိုပါတယ်\n(2) ကုမ္ပဏီမှ အခွန်စည်းကြပ်မှုမှန်ကန်မှု\n • အခွန်ပေးဆောင်မှတ်တမ်း (Tax documents - ภพ.30, ภงด.1, ภงด.3, ภงด.50)\n • Social Security ပေးဆောင်မှုမှန်ကန်မှု (SSO – ประกันสังคม)\n(3) အလုပ်အတွက် သက်ဆိုင်ရာအတည်ပြုစာများ\n • အလုပ်အမျိုးအစားအပေါ်မူတည်ပြီး သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်၊ လိုင်စင် တစ်ချို့လိုအပ်တတ်တယ် (ဥပမာ - သင်တန်းသား\u002Fဆရာ\u002FIT\u002FEngineer)\n(4) အလုပ်ခန့်မယ့်နေရာမှာ သင့်တော်သောရုံးခန်း (Business Premises)\n • ရုံးခန်း\u002Fလုပ်ငန်းတည်နေရာမှန်ကန်ရမယ် (Virtual office မဖြစ်ရပါ)\n(6) Invitation Letter & Contract\n • နိုင်ငံခြားသားအတွက်အလုပ်အပ်ချင်တဲ့ စာတမ်း (Job Offer Letter \u002F Invitation Letter)\n • လုပ်ငန်းသဘောတူညီချက် (Employment Contract) စတာတွေ လိုအပ်ပါတယ်။ \nလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး တခြားလိုအပ်ချက်များလဲ ရှိနိုင်ပါတယ်\n လက်ရှိထိုင်းနိုင်ငံအလုပ်ဈေးကွက်အခြေအနေ အရ\n🔸 ထိုင်းနိုင်ငံမှာ ဘွဲ့ရသူတွေလည်း များပြားလာပြီ\n🔸 မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား တခြားနိုင်ငံတွေကလည်း အလုပ်အတွက်ဝင်လာတဲ့အတွက်အလုပ်ရနိုင်သူပမာဏနဲ့ လျှောက်လွှာတင်သူအရေအတွက်ဟာ ထပ်တူကျနေပါတယ်\n🔸 white collar jobပိုင်းတွေမှာလဲ ထိုင်းနိုင်ငံသားတွေကိုပဲ ခန့်တာ ပိုများပါတယ် (နိုင်ငံခြားသားခန့်တာထက် ပိုပြီးအခွန်ကင်းလွတ်တဲ့အတွက်ဖြစ်ပါတယ်)ဒါကတော့ဖြစ်သင့်ပါတယ်\n🛂 နောက်ထပ် နိုင်ငံခြားသားတွေအတွက် အခက်အခဲများ\n❌ Work permit ရဖို့ Company တစ်ခုအနေနဲ့ အပေါ်က အချက်များအပြည့်အဝပြည့်မေပးနိုင်တာ\n❌ Visa + Work permit လုပ်ခြင်းအတွက်ကုမ္ပဏီရဲ့အသုံးစရိတ်တွေ ပိုသုံးရတာ\n❌ Government policy အရ ရုံးလုပ်ငန်းအချို့မှာ “သူတို့နိုင်ငံသား” မဟုတ်လျှင် မခန့်တာများလာပြီဖြစ်ပါတယ်\n✔️ IT, Tech, Restaurant, Skilled Labor လုပ်ငန်းအချို့မှာသာ နိုင်ငံခြားသားများကို မဖြစ်မနေခန့်တာဖြစ်ပါတယ်\n✔️ White Collar job နဲ့အတူ Non B ရဖို့ အလုပ်ရှာမယ်ဆိုရင် တကယ်ကောင်းတဲ့ အတွေ့အကြုံ + အထူးပညာရပ် တစ်ခုရှိဖို့လိုလာပြီဖြစ်ပါတယ်\n💬 Personally အကြံပြုချက်\n🔹 Non Bရဖို့ အခက်အခဲရှိတယ်ဆိုတာလက်ခံဖို့လိုပါတယ်\n🔹 White collar sector ထက် အခြား sector (Tech, Skilled, Hospitality) ဘက်ကို ပြောင်းလျှောက်တာမျိုးစဉ်းစားဖို့လိုပါတယ်\n🔹 ကိုယ်ကနိုင်ငံခြားသားအနေနဲ့ လျှောက်တာဖြစ်လို့ ထူးချွန်တဲ့ ပညာရပ်နဲ့ တာဝန်ယူနိုင်မှုရှိတဲ့ အရည်ချင်းတွေ ရှိမှသာ ရဖို့လွယ်ကူမှာဖြစ်ပါတယ်။\n✍️ဒါ့ကြောင့် မလိုအပ်တော့တဲ့နေရာကိုအာရုံစိုက်နေခြင်းထက်၊ လိုအပ်တဲ့နေရာကိုဝင်ရောက်နိုင်ဖို့ ပညာ\u002Fလေ့လာမှု တိုးဖို့ ကြိုးစားကြရအောင်။ \nSharing is Caring _ Session 1\nIvyIris \n#jobinbangkok #ivy_iris #SharingisCaring",{"id":222,"title":223,"slug":224,"status":8,"tags":225,"featuredImageUrl":226,"galleryImageUrls":227,"publishedAt":233,"content":235},"5wP2XG3x3Z6God4UXzn7","အခေါ်အများဆုံး Offersတွေနဲ့ Requirements များအကြောင်း","offers-requirements",[37,38,39],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881886474_image.png",[226,228,229,230,231,232],"https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881913729_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881927151_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881947609_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881956869_image.png","https:\u002F\u002Fpub-50b132aa57e24460b8013950046321fd.r2.dev\u002Foffers-requirements\u002F1756881962299_image.png",{"_seconds":234},1756881975,"အခေါ်အများဆုံး Offersတွေနဲ့ Requirements များအကြောင်း\nယခုလအတွက် လျှောက်ဖို့ အကောင်းဆုံး Positions များ\nFor Engineering Positions ✅\nအခုလပိုင်း အတွင်း Offers အသစ်တွေ ထပ်ရောက်တာမို့ Civil ပိုင်းရော \u002F Electrical ပိုင်းရော ကလျှောက်မည့်အင်ဂျင်နီယာတွေ အတွက် အလုပ်အကိုင် အပေါဆုံး လပဲ ဖြစ်ပါတယ်။ မိမိဘာသာ လျှောက်မည့်သူများ Linkin , JobDB ကနေ လျှောက်ပါ။ \nFor Accountant Positions ✅\nJunior Accountant ပိုင်းရော Senior Accountant ပိုင်းရော အတွက် လက်ရှိမှာ အင်တာဗျူးတွေတောက်လျှောက်ဝင်နေရပါတယ်။ Purchasing ပိုင်းနဲ့ တွဲပြီး ရတဲ့အပြင် Chinese ပါ 4skillsလုံး ကျွမ်းကျင်ပါက လစာ _၄သောင်းနဲ့အထက်ပါနော်။ \nJuniors တွေအတွက်ဆိုရင်တော့ LCCI _3 UK အနည်းဆုံး ရပြီး work experience 2yrs and aboveရှိရပါမယ်။ (🇲🇲ဘက်က ဘွဲ့မရသေးလဲ အဆင်ပြေပါတယ်)\nSeniors တွေ အတွက်ကတော့ စီးပွါးရေး ဘွဲ့တစ်ခု အနည်းဆုံးရှိရပါမယ်\u002F ACCA လက်မှတ်ရှိရပါမယ်။ \nလုပ်ငန်းအတွေ့ကြုံ _ ၅နှစ်အထက်ဆို စလျှောက်လို့ရပါတယ်။ \nFor Operation Positions ✅\nအစုံသုပ် positions ဆိုလဲမမှားတဲ့ အတွက် သွက်သွက်လက်လက် ရှိတဲ့typeမျိုးမှ အဆင်ပြေပါမယ်။ problem တိုင်းကို မြန်မြန်ဖြေရှင်းတတ်ပြီး ကိုယ့်department တခုလုံးအပေါ်မှာ စိတ်ဝင်စားမှု အပြည့်ရှိတတ်သူမျိုးမှ လျှောက်ပါ။ ဘန်ကောက်ရဲ့ company ပိုင်း \u002F beauty salon ပိုင်း တွေရဲ့ operations ပိုင်းမှာလုပ်ရတဲ့သူတွေက language ပိုင်းအရေးကြီးလို့ အနည်းဆုံး English စာကို communication ကောင်းကောင်းလုပ်နိုင်မှသာ အဆင်ပြေပါမယ်။ \nFor Front Office Positions ✅\nHotel lifeကို တိုးဝင်လာတဲ့ အထဲမှာ အလျှောက်အများဆုံး Positions ပဲ ဖြစ်ပါတယ်။ \nHotel ပိုင်းနှင့်ပတ်သက်သော Diploma \u002F certificate တခုခုရှိရပါမယ်။ \n5 stars hotelတွေကနေ Restaurant ပိုင်းတွေအထိ Front Office မှာနေတဲ့သူတွေသည် ရုပ်ရည်အသင်တင့်ရှိရပါမယ်။ ဘာသာစကားအနည်းဆုံး ၂မျိုးလောက်ပြောနိုင်ရင် ပိုလွယ်ပါတယ်။ Problem Solving skillရှိရပါမယ်။ ယူနီဖောင်းကနေ ဖိနပ်အထိအမြဲ သပ်ရပ်နေအောင်ဝတ်ဆင်တတ်သူဖြစ်ရပါမယ်။ Customer တွေနဲ့ အမြဲ ထိတွေ့ဆက်ဆံနေရတဲ့ ဌာနဖြစ်လို့အရမ်းခက်ခဲပင်ပန်းပါတယ်။ (Ivy ကိုယ်တိုင်လဲ 5stars hotel)မှာလုပ်ခဲ့ရလို့ ပြောပြတာပါ။ စိတ်ရှည်သည်းခံနိုင်မှလဲ အဆင်ပြေပါမယ်။ \nအပေါ်က အချက်လက်လေးတွေ ပြည့်စုံရင် လျှောက်လို့ရပါပြီ။ \nFor Bartender Position ✅\nဘန်ကောက်မှာရေပန်းအစားဆုံးနဲ့ ပွင့်လင်းရာသီမှာ အခေါ်အများဆုံး Position ပဲဖြစ်ပါတယ်။ \nဘန်ကောက်ထဲမှာပဲမဟုတ်ပဲ ချင်းမိုင်၊ ဖူးခက်၊ ပတ္တယား လိုနေရာတွေမှာလဲ လက်ရှိ Offers အများဆုံး ခေါ်နေပါတယ်။  လစာကောင်းပြီး OT\u002F Tips Money အများဆုံးရတဲ့နေရာမို့ တကယ်စိတ်ဝင်စားတဲ့သူတွေဆို ရွေးချယ်သင့်တဲ့ Position မျိုးဖြစ်ပါတယ်။\nFor Barista Positions ✅\nအခုနောက်ပိုင်း ဘန်ကောက်နဲ့ ၂နာရီဝန်းကျင်သာ ဝေးတဲ့ နေရာလေးလှလှလေးတွေဆိုပြီး တွေ့ကြပါလိမ့်မယ် ။ Blogger တွေအပြင်  Tourist တွေရော Local တွေပါ သွားနေကြတဲ့ နာမည်ကြီး ကော်ဖီဆိုင်တွေဆိုတာ တကယ်မှိုလိုပေါလာတာမို့ ကော်ဖီပိုင်း၊ အအေးပိုင်း နဲ့ပတ်သက်ပြီး သင်တန်းဆင်းလက်မှတ်ရှိထားရုံနဲ့ လျှောက်လို့ရနိုင်ပါပြီ ။ \n📌📌အခုပြောပြထားတဲ့ Position တွေကို မိမိဘာသာ လျှောက်နေတာ မရတာမျိုး သို့မဟုတ် 🇲🇲ဘက်ကနေ ထွက်လာရင် Job ရှာဖို့ အတွက် အချိန်မပေးနိုင်တဲ့သူမျိုးတွေဆိုရင်တော့ Ivyတို့နဲ့ ဆက်သွယ်ပါရှင်📌📌\nဒီ Pageမှာတော့ သိလိုသမျှအားမနာပဲ လာမေးနိုင်ပါတယ်🙏\nTelegram Channel _ https:\u002F\u002Ft.me\u002F+lq8tIw7llUsyZGNl\nTikTok Link _ https:\u002F\u002Fwww.tiktok.com\u002F@ivy_iris_?_t=8nLfzpHJjV4&_r=1\nLine Acc _ ivy_iris7\nViberNo_ +66634201575\nWhatsApp No _ ‪+66 63 420 1575\nThaiPh.No_ 0634201575, 0648122697\n#jobinbangkok #ivy_iris #SharingisCaring\n #sharingiscaring",1779052001074]